အိန္ဒိယနယ်စပ်အနီးတွင် တရုတ်ဘက်မှ တံတားကြီးတစ်စင်း တည်ဆောက်နေ
နယူးဒေလီ၊မေ ၁၈
အိန္ဒိယနယ်နိမိတ်၊ မြောက်ပိုင်း လာဒက်အနီးတွင် တရုတ်ဘက်မှ တံတားတည်ဆောက်နေသော ဂြိုလ်တုဓာတ်ပုံများထွက်ပေါ်လာသည်။
လာဒက် ဒေသနှင့် တိဗက်ဒေသ နားရှိ Pangong Tso ရေကန်အနီးတွင် တံတားကြီးတစ်စင်းဆောက်လုပ်နေသည်ကို ပုံတွင်တွေ့ရသည်။
The Print ၏ အစီရင်ခံစာအရ ၎င်းသည် Pangong Tso ပိုင်နက်နယ်မြေပေါ်တွင် တရုတ်နိုင်ငံမှ တည်ဆောက်နေသည့် ဒုတိယမြောက် တံတားဖြစ်ကြောင်းဖော်ပြထားသည်။
ပထမတံတားကို ၂၀၂၁ နှစ်ကုန်တွင်ဆောက်ခဲ့ရာ ဧပြီတွင်ပြီးစီးခဲ့သည်။၄င်းတံတားအား ပစ္စည်းသယ်ထောက်ကူ ဝန်ဆောင်မူတံတားအဖြစ်သုံးကာ ဒုတိယတံတားကို ဆက်ဆောက်နေခြင်းဖြစ်သည်။
ဒုတိယ တံတားသစ်ကို လွန်ခဲ့သော ၃ ပတ်ကဆောက်နေကြောင်းဆိုသည်။
အိန္ဒိယ၊တရုတ် နယ်နမိတ်ကြား တင်းမာသည့်အခြေနေတွင် ယခုကဲ့သို့ ဆောက်လုပ်နေခြင်းမှာ စစ်ယာဥ်တန်းများ အသုံးပြုရန်အတွက်လားဟုမေးခွန်းထုတ်စရာဖြစ်နေသည်။
Source : Wionews