ထိုင်းအစိုးရအနေဖြင့် မူးယစ်တိုက်ဖျက်ရေးတွင်အောင်မြင်မှုများရရှိနေဟု ဝန်ကြီးဆို

0
198

ထိုင်းအစိုးရအနေဖြင့် မူးယစ်တိုက်ဖျက်ရေးတွင်အောင်မြင်မှုများရရှိနေဟု ဝန်ကြီးဆို

မေလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၏တရားရေးဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မူးယစ်ဆေးဝါးဖမ်းဆီးရမိမူမှ ဘတ်ငွေသန်းပေါင်း ၅ သန်းခန့် သိမ်းဆည်းရမိကြောင်းနှင့် နှစ်ကုန်ပိုင်း​လောက်တွင် ဘတ်ငွေ ၁၀ သန်းခန့်ထပ်မံသိမ်းဆည်းနိုင်​ရန်​မျှော်လင့်ထားသည်ဟု​ပြောကြားခဲ့သည်။

ထိုင်းမြေအောက်မူးယစ်လောကကို​ခြေရာခံရန် ခက်ခဲ ​သော်လည်း မူးယစ်ဂိုဏ်းများထက် ခြေတစ်လှမ်းသာအောင် ကြိုးစားအကောင်အထည်ဖော်သွားမည်ဟုပြောခဲ့သည်။

အစိုးရအနေဖြင့် မူးယစ်မှောင်ခိုသမားများ၏ ပိုင်ဆိုင်မှုနှင့် ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်နိုင်သည့် မဟာဗျူဟာများဖြင့်နှိမ်နင်းသွားမည် ဖြစ်သည်။

ဖမ်းဆီးရမိသောငွေများ၏ ၃၀% သည် ဖမ်းဆီးမှုအတွက်သတင်းပေးသောဒေသခံပြည်သူများနှင့် ကြိုးပမ်း​ဆောင်ရွက်​​ပေး​သောအရာရှိများအတွက် ၊၂၅% မှာ အာဏာပိုင်များကိုအပ်နှံရန်အတွက်နှင့် ၅% ကိုမူ နယ်​မြေခံများအတွက်ဖြစ်သည်ဟုဆိုသည်။

နောက်ဆုံးတွင် ဝန်ကြီးက မူးယစ်မှောင်ခိုများကို ရပ်တန်းက ရပ်ရန်နှင့်လာမည့်နှစ်များတွင် မူးယစ်ဆေးဝါး ​ရောင်းဝယ်​ဖောက်ကားခြင်းကိုအရင်ကထက်ပို၍အဓိကထားကိုင်တွယ်မည်ဟုသတိ​ပေး​ပြောကြားခဲ့သည်။

Source:Thairath

 


LEAVE A REPLY

Please enter your comment!
Please enter your name here