ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှု တတိယအသုတ်အဖြစ် ယနေ့၁၅၁ဦး ဆက်လက်ပို့ဆောင်

0
224

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှု တတိယအသုတ်အဖြစ် ယနေ့၁၅၁ဦး ဆက်လက်ပို့ဆောင်

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ယနေ့မေလ၁၉ရက်တွင် မြန်မာအလုပ်သမား (၁၅၁) ဦးစေလွှတ်လိုက်သည်ဟုသိရသည်။

ရောက်ရှိလာသည့်မြန်မာလုပ်သားတို့အား မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံဌာနဆိုင်ရာများမှ မဲဆောက်နယ်စပ်စခန်း၌ ကြိုဆိုလက်ခံခဲ့ကြသည်ဟုသိရသည်။ယ​နေ့ ဝင်​ရောက်လာသည့် အလုပ်သမားများအ​နေဖြင့် ထိုင်းနိုင်ငံ Fujikura Electronics(Thailand) Co.,Ltd သို့(၉၂)ဦး၊ Thai Chin Fu Enterprise Co.,Ltd သို့ (၂၉)ဦး၊ Samakee Concrete Product Co.,Ltd သို့ (၃၀)ဦး စသည်ဖြင့် အသီးသီးသွား​ရောက်လုပ်ကိုင်ကြမည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးကပြောဆိုသည်။

ယခုဆိုလျှင်ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုမှာ တတိယအသုတ်အသိရှိသွားပြီဖြစ်သည်။

ပထမအသုတ်အနေဖြင့် မေလ၁၀ရက်က ထိုင်းနိုင်ငံမှ စတင်လက်ခံခဲ့ရာ အလုပ်သမား ကျား ၇၈၊ မ ၂၀၉၊ စုစုပေါင်း ၂၈၇ ဦးအား လက်ခံခဲ့ပြီး ၄င်းတို့ငည် ထိုင်းနိုင်ငံ Panuspoultry Group Co., Ltd ကြက်သားစက်ရုံ၌ လုပ်ကိုင်မည့်သူများဖြစ်သည်ဟုသိရသည်။

ဒုတိယအသုတ်အနေဖြင့် မေလ၁၁ရက်တွင် MoU စနစ်ဖြင့်မြန်မာ အလုပ်သမား ၃၀၁ ဦးအလုပ်လုပ်နိုင်ရန်ထိုင်းသို့ဝင်ရောက်ခဲ့ကြသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here