ဒဂုံတောင်ပိုင်းမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်ဦးပြုံးချို သေနတ်ဖြင့်ပစ်သတ်ခံရ

0
118

ဒဂုံတောင်ပိုင်းမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်ဦးပြုံးချို သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၀၆ ရပ်ကွက်၏ ရပ်ကျေးအဖွဲ့ဝင်ဦးပြုံးချိုသည် မေ ၁၈ ရက်ညနေ ၅ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ဦးပြုံးချိုသည် ရာအိမ်မှူးတစ်ဦးဖြစ်ကာ လှော် ကားလမ်းနှင့်ရိုးမရိပ်သာလမ်းထောင့်ရှိ ဆိုင်ကယ်ပြင်ဆိုင်၌ရှိနေစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးပြုံးချိုသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌သေဆုံးသွားသဖြင့် နာရေးကူညီမှုအသင်းကားဖြင့် တင်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

“သေနတ်သံတွေကတော့ အချက်ရေတော်တော်များတယ်ဗျ ချက်ခြင်းတော့သွားမကြည့်ရဲဘူး ခဏနေမှသွားကြည့်တော့ သွေးအိုင်ထဲမှထိုင်ရက်ကြီး သေနေတာကိုတွေ့တယ်”ဟု ရပ် ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ စုံစမ်းစစ် ဆေးမှုများပြုလုပ်ခဲ့ကြပြီး အခင်းဖြစ်နေရာမှ ကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here