စီးပွားရေးလုပ်ငန်းရှင်များအား ပြည်ပထွက်ခွင့်ကန့်သတ်ထားသည်ဆိုသော သတင်းမှားယွင်းဟုဆို

0
188

စီးပွားရေးလုပ်ငန်းရှင်များအား ပြည်ပထွက်ခွင့်ကန့်သတ်ထားသည်ဆိုသော သတင်းမှားယွင်းဟုဆို

ပြီးခဲ့တဲ့ ရက်အနည်းငယ်က နာမည်စာရင်းအတိအကျနဲ့ ထွက်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံက ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေကို ပြည်ပထွက်ခွာခွင့်ကန့်သတ်ထားတယ်ဆိုတဲ့ အကြောင်းအရာဟာ မမှန်ဘဲ မှားယွင်းတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခုလည်းပြည်ပထွက်နေတဲ့သူတွေလည်းရှိတယ်လို့ သူကပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နစကအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံတာတွေ လုပ်ခဲ့တာတော့ရှိပြီး ဒါဟာ စည်းကမ်းနည်းလမ်းကျအောင် ဆောင်ရွက်ရတာဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဘဏ်တွေနဲ့ ဆက်စပ်နေကြတာလည်းဖြစ်လို့ စည်းကမ်းနည်းလမ်းမကျတာတွေ မဖြစ်ရအောင် ဖြစ်တယ်လို့ပါ ပြောဆိုသွားပါတယ်။

နောက်ပြီး ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ဘဏ်လုပ်ငန်းတွေနဲ့ ပါတ်သတ်ပြီး အကျပ်အတည်းတွေဖြစ်ပေါ်ခဲ့ပြီး အချို့တွေဆိုရင် ပြိုလဲခါနီးအခြေအနေတွေအထိ ရှိခဲ့တာကြောင့် ထိန်းကျောင်းတည့်မတ်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသွားပါတယ်။
ဒါတွေဟာ စည်းကမ်းနည်းလမ်းမကျခဲ့တာတွေကြောင့်လို့ ပါ ထည့်သွင်းပြောဆိုသွားပါတယ်။

အခုဆိုရင် ဘဏ်တွေက ငွေထုတ်နိုင်ရေးကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာတွေရှိတဲ့အကြောင်း၊တစ်ဖက်မှာလည်း ဘဏ်လုပ်ငန်း၊ငွေရေးကြေးရေးကိစ္စတွေကို ဗဟိုဘဏ်က ကြီးကြပ်ဆောင်ရွက်နေတဲ့အကြောင်း စတာတွေလည်း အသိပေးပြောဆိုသွားခဲ့တာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here