စက်သုံးဆီများသယ်ဆောင်လာသည့် သင်္ဘောများအဆက်မပြတ်ဝင်ရောက်လျက်ရှိ

0
55

စက်သုံးဆီများသယ်ဆောင်လာသည့် သင်္ဘောများအဆက်မပြတ်ဝင်ရောက်လျက်ရှိ

မြန်မာနိုင်ငံသို့ စက်သုံးဆီများသယ်ဆောင်လာသည့် သင်္ဘောများအဆက်မပြတ်ဝင်ရောက်လျက်ရှိဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ မေ ၁၉ ရက်(ယနေ့)တွင် အသိပေးကြေညာခဲ့သည်။

နိုင်ငံအတွင်း၌ စက်သုံးဆီပြတ်လတ်တော့မည်ဟု သတင်းမှားများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ယနေ့တွင် စက်သုံးဆီတန်ချိန်ပေါင်း ၁၆၄၀၀ သယ်ဆောင်လာသည့် MT Beluga Pacific သင်္ဘော၊တန်ချိန်ပေါင်း ၁၇၂၀၀ သယ်ဆောင်လာသည့် MT Yu Hai သင်္ဘော၊တန်ချိန်ပေါင်း ၁၈၂၀၀ သယ်ဆောင်လာသည့် MT Yu Dang သင်္ဘောနှင့်တန်ချိန်ပေါင်း ၂၀၀၀၀ သယ် ဆောင်လာသည့် Aberlour သင်္ဘောတို့သည် ဆိပ် ကမ်းများ၌ ဆီချလျက်ရှိသည်ဟု အသိပေးကြေ ညာခဲ့သည်။

အလားတူ စက်သုံးဆီများသယ်ဆောင်လာသည့် သင်္ဘော ၄ စီးမှာလည်း ပင်လယ်ဝတွင် ဆိုက် ရောက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ အသိ ပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here