နစကဥက္ကဌနှင့် RCSS/SSA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု မနက်ဖန် မေ(၂၀) တွင်ပြုလုပ်မည်

0
278

နစကဥက္ကဌနှင့် RCSS/SSA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု မနက်ဖန် မေ(၂၀) တွင်ပြုလုပ်မည်

နစကဥက္ကဌနှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကို မနက်ဖြန်မေလ ၂၀ရက်တွင် ပြုလုပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထိုသို့ဆွေးနွေးနိုင်ရန်အတွက် RCSS/SSAခေါင်းဆောင်များ ယနေ့ မေလ၁၉ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည်ဟုလည်းပြောသည်။

RCSS/SSAသည် စာရင်းပေးသွင်းထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ခုအနက်နစကဥက္ကဌနှင့် ပထမဦးဆုံးတွေ့ဆုံသည့် အဖွဲ့ဖြစ်သွားသည်။

“ဒီလထဲမှာတော့ ၄၊၅ဖွဲ့လောက် တွေ့ဖြစ်ဖို့များမယ်။နောက်လတွေကျရင် ဆက်တွေ့မယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုအင်ဆန္ဒများ၊ နိုင်ငံတော်အစိုးရ၏ လိုလားချက် တို့ကို ဆွေးနွေးကြမည်ဟုလည်းပြောသည်။

“ လက်ရှိလုပ်ဆောင်ပေးနိုင်တာ၊နောင်အနာဂတ်မှာ လုပ်ဆောင်ပေးနိုင်တဲ့ဟာ အပိုင်းခွဲပြီး ဆွေးနွေးမှာ၊ ဒီဆွေးနွေးမှာ ရလဒ်တစ်ခုထွက်အောင် ဆွေးနွေးမှာ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသွားသည်။

ယခု နစကဥက္ကဌနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ယခုဆွေးနွေးမှုကို အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ရိုက်ဆွေးနွေးနိုင်မှုဟု ၎င်းကဆက်လက်ပြောဆိုခဲ့ပြီး ရလဒ်ကောင်းထွက်အောင် ဆွေးနွေးနိုင်မည်ဟုပါ ဖြည့်စွက်ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here