သွင်းကုန်စရိတ် မြင့်တက်မှုကြောင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုကွာဟချက် ကြီးမားလာ

0
199

သွင်းကုန်စရိတ် မြင့်တက်မှုကြောင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုကွာဟချက် ကြီးမားလာ

တိုကျို၊ မေ ၁၉

ဂျပန်၏ ပို့ကုန်များသည် သုံးလဆက်တိုက် တိုးမြင့်လာသော်လည်း ကမ္ဘာ့ ကုန်ပစ္စည်းစရိတ်များ တဟုန်ထိုး မြင့်တက်လာခြင်းကြောင့် လူနေမှု စရိတ်များ မြင့်တက်လာမည်ကို စိုးရိမ်လာကြသည်။

ယခုလအစောပိုင်းက ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ယန်းငွေတန်ဖိုးသည် ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး အရင်းအမြစ်နည်းပါးသော ဂျပန်စီးပွားရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ တိုးလာခဲ့သည်ဟု ကြာသပတေးနေ့ကထုတ်ပြန်ခဲ့​သော အချက်အလက်များအရ သိရသည်။

ရှန်ဟိုင်းကဲ့သို့ အဓိကမြို့ကြီးများတွင် ကိုဗစ်​ကြောင့် ​လော့​ဒေါင်းချခြင်း၊ပြင်းထန်စွာ ထိန်းချုပ်ခြင်းများကြောင့် စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေကာ ဧပြီလတွင် တရုတ်သို့ တင်ပို့မှု ၅.၉ % ကျဆင်းခဲ့သည်။ ထို့ကြောင့် ဂျပန်၏စီးပွားရေးပြန်လည်နာလန်ထူမှုသည် ပြည်တွင်းနှင့်အကြီးဆုံးကုန်သွယ်ဖက်တရုတ်ပြည်တွင် ကိုဗစ်ကန့်သတ်ချက်​လျော့ချမှုများအပေါ်တွင် မူတည်​နေသည်။

သွင်းကုန်ပမာဏသည် ယန်း ၈.၉ ထရီလျံ (ဒေါ်လာ ၆၉ ဒသမ ၂၇ ဘီလီယံ) ရှိပြီး ပို့ကုန်မှာ ယန်း ၈ ထရီလီယံ ရှိ​နေသဖြင့် ကုန်သွယ်မှုလိုငွေ ယန်း ၈၃၉.၂ ဘီလီယံကို ဖြစ်ပေါ်စေပြီး ယန်း ၁.၁၅၀ ထရီလီယံခန့် ပြတ်လပ်နိုင်​ကြောင်း ခန့်မှန်းထားသည်။

အားပျော့လာသောယန်း​ကြောင့်ငွေကြေးဖောင်းပွမှုအန္တရာယ်များကို လေ့လာသုံးသပ်သူများက သတိပေးထားသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here