ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် RCSS ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာ

0
147

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် RCSS ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာ

နစက ဥက္ကဋ္ဌဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲအားတက်ရောက်ရန် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌဦးယွက်ဆစ်နှင့်ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၉ ရက်(ယနေ့)နံနက်ပိုင်းတွင် ထိုင်း-မြန်မာ အမှတ် (၂)ချစ်ကြည်ရေးတံတားမှတဆင့် ရောက်ရှိလာခဲ့သည်။

RCSS ဥက္ကဋ္ဌဦးယွက်ဆစ်နှင့်ကိုယ်စားလှယ်အဖွဲ့အား တာချီလိတ်အခြေချ ဗျူဟာမှူးဗိုလ်မှုးကြီး မင်းမင်းထွန်းနှင့်တာဝန်ရှိသူများ၊တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

RCSS ဥက္ကဋ္ဌဦးယွက်ဆစ်နှင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်၌ပင် တာချီလိတ်လေဆိပ်မှတဆင့် နေပြည်တော်သို့ဆက်လက်ထွက်ခွာခဲ့သည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here