အချိုးကျကိုယ်စားပြုစနစ်(ပီအာ)ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ၊နည်းဥပဒေပြင်ဆင်လျှက်ရှိ

0
178

အချိုးကျကိုယ်စားပြုစနစ်(ပီအာ)ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ၊နည်းဥပဒေပြင်ဆင်လျှက်ရှိ

လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကော်ပွဲစနစ်ဖြစ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲအနေနဲ့ ဆောင်ရွက်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုပါတယ်။

ဒီကနေ့ မေလ ၁၉ ရက်မှာ ပြုလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အဲ့ဒီ့လို အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေတွေကို ပြင်ဆင်ပြဌာန်းနိုင်ရေးဆောင်ရွက်နေတယ်လို့လည်း ဦးခင်မောင်ဦးကဆက်ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးတာမှာ နိုင်ငံရေးပါတီတွေဘက်က လေလွင့်ဆုံးရှုံးတဲ့ မဲတွေအတွက် နိုင်သူအကုန်ယူစနစ်အစား ထောက်ခံမဲအချိုးအစားအလိုက် ရွေးကောက်ပွဲတင်မြှောက်ခံရတဲ့ အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တင်ပြလာတာကြောင့် ဆွေးနွေးဆုံးဖြတ်ပြီး အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွေးချယ်တင်မြှောက်မယ့် စနစ်ပြောင်းလဲတာမှာ ရိုးရှင်းလွယ်ကူတဲ့ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမယ်လို့ပါ ဦးခင်မောင်ဦးက ရှင်းပြပြီး ပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ လအတ်တော်အလိုက် ရွေးချယ်တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်များ ပိုင်းခြားသတ်မှတ်ခြင်းနဲ့ ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်းကိုဆောင်ရွက်ဖို့၊ဖွဲ့စည်းပုံအခြေခံဥပဒေနဲပ အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ဒေသတို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ဦးစီနဲ့ တိုင်းပြည်နယ်လွှတ်တော်တွေမှာ သတ်မှတ်ချက်နဲ့အညီ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ဦးစီ တင်မြှောက်တာမှာနိုင်သူအကုန်ရစနစ်ကို ယခင်အတိုင်း ကျင့်သုံးဖို့ စတာတွေ သဘောတူညီခဲ့ကြတယ်လို့ ဦးခင်မောင်ဦးက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here