နေပြည်တော်အား Green City ၊ Clean City ၊ Smart City အဖြစ်တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းနှင့်ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်ရန် ကြိုးပမ်းရန်လိုအပ်ဟု နစက ဥက္ကဋ္ဌမှာ ကြား

0
210

နေပြည်တော်အား Green City ၊ Clean City ၊ Smart City အဖြစ်တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းနှင့်ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်ရန် ကြိုးပမ်းရန်လိုအပ်ဟု နစက ဥက္ကဋ္ဌမှာ ကြား

နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်၍ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအား အဓိကထားဆောင်ရွက်ရန်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မေ ၁၉ ရက်ကပြုလုပ်သည့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး၌ ပြောဆိုမှာကြားခဲ့ခြင်းဖြစ်သည်။

“နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ်တိုးတက်အောင်ဆောင်ရွက်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေရဲ့ စံပြနယ်မြေတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နေပြည်တော်သည် စတုရန်းမိုင် ၂၇၂၄ ရှိကာ စိုက် ပျိုးမြေဧရိယာပေါင်း ၃၂၀၀၀၀ ကျော်ရှိပြီး ရေလှောင်တမံ၊ဆည်နှင့်ကန်ပေါင်း ၃၂ ခုရှိကာ အ ရှေ့ရိုးမနှင့်အလယ်ရိုးမကြားတွင်ရှိ၍ ပေါင်းလောင်း(စစ်တောင်းမြစ်)၊ငလိုက်ချောင်း၊ဆင်သေချောင်းများ အပါအဝင် ချောင်း၊မြောင်းများရှိသဖြင့် မြေဆီမြေနှစ်ကောင်းမွန်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်၍ရသည်ဟုပြောသည်။

“အရင်က နေပြည်တော်ကို စိုက်ပျိုးရေးတက္က သိုလ်၊မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်နဲ့သစ် တောတက္ကသိုလ်တို့ကို ရွှေ့ပြောင်းခဲ့တယ်လို့ သိခဲ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“နေပြည်တော်နယ်မြေအတွင်းမှာ ကျွဲ၊နွား၊ဆိတ်၊ဝက်၊ကြက်တွေလည်း မွေးမြူဖြစ်ထွန်းတာကို တွေ့ရှိရပါတယ် တပ်ကုန်းမြို့ပတ်ဝန်းကျင်မှာလည်း မွေးမြူရေးဇုန်တွေဖွင့်ပြီး ဆောင်ရွက်နေပါတယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလုပ်ဖို့အ တွက် မြေဆီမြေဩဇာတွေကောင်းမွန်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နေပြည်တော်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာတက္ကသိုလ်များရှိသကဲ့သို့ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား စံပြဆောင်ရွက်နိုင်ရန်လိုအပ်ပြီး စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်မှာ မြေ၊ရေ၊နည်းနှင့်မျိုးတို့ဖြစ်သည်ဟုပြောသည်။

ထို့ပြင် နွေရာသီတွင် စိုက်ပျိုးမြေများရေလုံလောက်စွာရရှိနိုင်ရန် မြစ်ချောင်းများရှိပြီးဖြစ်၍ မြစ်ရေတင်လုပ်ငန်များအား အကောင်အထည် ဖော်ခြင်းဖြင့် ရာသီမရွေးသီးနှံများကို သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်ဟု ပြောသည်။

“မြေဩဇာရရှိရေး၊မျိုးကောင်းမျိုးသန့်ရရှိရေးနဲ့စိုက်ပျိုးရေးနည်းပညာတွေ ခေတ်မီအောင်ပြု လုပ်ပေးကြောင့် သီးနှံစိုက်ပျိုးမှုမှာ များစွာတိုး တက်ကောင်းမွန်လာမှာဖြစ်သလို စိုက်ပျိုးလို့ရတဲ့ မြေတွေကိုလည်း စနစ်တကျပြုပြင်ပြီး စိုက်ပျိုး ရေးလုပ်ငန်းတွေကိုအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့အတူ မိမိတို့၏အမျိုးသားရေးရည်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိ က္ခာဖူလုံရေးပင်ဖြစ်ကာ နိုင်ငံအတွင်း စိုက်ပျိုး၍ ရသည့် မြေသယံဇာတများရှိပြီးဖြစ်ကာ မွေးမြူ ရေးလုပ်ငန်းများလည်း ဆောင်ရွက်၍ရသဖြင့် စ နစ်ကျသည့် မွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ပါက မွေးမြူရေးထွက်ကုန်များထုတ်လုပ်ကာ ဒေသတွင်းလိုအပ်ချက်နှင့်အခြားတိုင်းများသို့ပါတင်ပို့ရောင်းချနိုင်ပြီး ၎င်းတို့မှဇီဝမြေဩဇာများထုတ်လုပ်နိုင်၍ စိုက်ပျိုးရေးအ တွက်လည်း အထောက်အကူပြုသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“အဲ့လို ဆောင်ရွက်နိုင်မယ်ဆိုရင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေတိုးတက်လာမှာဖြစ်သလို အလုပ်အ ကိုင်အခွင့်လမ်းတွေပေါလာမယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်တာကြောင့် နေပြည်တော်အတွင်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို တစ်နိုင်ငံလုံးရဲ့စံပြအဖြစ် ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာဝန် ကြီးဌာနတွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here