မြောက်ကိုရီးယားက ကိုဗစ် တိုက်ဖျက်ရာတွင် ‘ရလဒ်ကောင်း’ ရ​နေဟုဆို

0
89

မြောက်ကိုရီးယားက ကိုဗစ် တိုက်ဖျက်ရာတွင် ‘ရလဒ်ကောင်း’ ရ​နေဟုဆို

ဆိုးလ်၊ မေ ၂၀

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တိုက်ဖျက်ရာမှာ ရလဒ်ကောင်းများရရှိ​နေတယ်လို့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

လူ ၂၆၃,၃၇၀ဦး တွင် အဖျားရောဂါလက္ခဏာများတွေ့ရှိရပြီး၊ နောက်ထပ်သေဆုံးသူ ၂ဦးရှိကြောင်းသိရသည်။ ကြာသပတေးနေ့ညနေပိုင်းအထိ သေဆုံးသူစုစု ၆၅ ဦး အပါအဝင် စုစုပေါင်းအဖျားရောဂါဖြစ်ပွားမှု ၂.၂၄ သန်းအထိရှိခဲ့ကြောင်း အစိုးရမီဒီယာ ကေစီအန်အေ မှ ထုတ်ပြန်ထားပါတယ်။

ထို့သို့ဖြစ်ပွားမှုတွေရှိနေ​သော်လည်းမြောက်ကိုရီးယားတွင် လယ်ယာလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ဆက်လက်လုပ်ကိုင်နေပြီး ဗိုလ်ချုပ်ဟောင်းတစ်ဦး၏ဈာပနကိုပါနိုင်ငံ​တော်အဆင့် စီစဉ်နေကြောင်း သိရှိရပါတယ်။

“အမြင့်ဆုံး အရေးပေါ်ကပ်ရောဂါ ကာကွယ်ရေး အခြေအနေအောက်မှာတောင်မှ ပုံမှန်ထုတ်လုပ်​ရေးများလုပ်​ဆောင်ခြင်း၊ စက်မှုကဏ္ဍ နှင့် အကြီးစား ဆောက်လုပ်ရေး ပရောဂျက်တွေကို ရပ်တန့်ခြင်းမရှိဘဲ တွန်းအားပေးနေပါတယ်” ဟု ကေစီအန်အေ မှ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားအား အကူအညီများ ပေးပို့ခြင်းအပါအဝင် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကမ်းလှမ်းခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ဘူးလို့ ဆိုးလ်၏ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက အဖျားနဲ့ ကိုဗစ် လူနာအရေအတွက်ကို ဘယ်လိုတွက်ချက်နေလဲဆိုတာ မသေချာတဲ့အတွက် ကောက်ချက်ဆွဲရခက်တယ်လို့ တောင်ကိုရီးယားအရာရှိတွေက ပြောပေမယ့် နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ​လျော့လာပြီး အကောင်းဘက်ကို ဦးတည်နေတယ်လို့ မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here