သံရုံးယာယီတာဝန်ခံသာထားမည့် သြစတြေးလျ၏ ဆောင်ရွက်ချက်အပေါ် အပြန်အလှန်တုန့်ပြန်သည့်အနေဖြင့် နစကဘက်ကလည်း သံရုံးတာဝန်ခံသာ ထားမည်ဟုဆို

0
148

သံရုံးယာယီတာဝန်ခံသာထားမည့် သြစတြေးလျ၏ ဆောင်ရွက်ချက်အပေါ် အပြန်အလှန်တုန့်ပြန်သည့်အနေဖြင့် နစကဘက်ကလည်း သံရုံးတာဝန်ခံသာ ထားမည်ဟုဆို

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံကို သံတမန်အဆက်အသွယ်လျှော့ချသည့်အနေဖြင့် သံမတ်ကြီးအစား သံရုံးယာယီတာဝန်ခံသာ ထားမည်ဟု အကြောင်းကြားလာသည့်အတွက် မြန်မာ နစကဘက်ကလည်း သြစတြေးလျတွင် သံရုံးယာယီတာဝန်ခံသာ ထားရှိမည်ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် နစက နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

“အပြန်အလှန် တုန့်ပြန်တဲ့ အနေနဲ့ သံရုံးယာယီတာဝန်ခံပဲ ထားမယ်”ဟု ၎င်းကပြောသည်။

နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မြန်မာနိုင်ငံဆိုင်ရာအင်္ဂလန်သံရုံး သံရုံးယာယီတာဝန်ခံအား နိုင်ငံထဲ ဝင်ခွင့်ဗီဇာမထုတ်ပေးသည့် အကြောင်းအရာနဲ့ ပတ်သတ်ပြီး“တာဝန်ပြီးဆုံးတဲ့ အင်္ဂလန်သံအမတ်က သူရဲ့ ခန့်အပ်လွှာကို မပေးဘဲ ထွက်ခွာသွားတာရှိတယ်။သူက ပြန်ဝင်လာမယ်။သံရုံးတာဝန်ခံအနေနဲ့ ။ဒီဘက်က ဒီလိုမျိုးတော့မရဘူး။နောက်အသစ်တစ်ယောက်လာပါဆိုလို့ အခု ထိုင်းကနေ ပြန်သွားပြီ”ဟု ပြောသည်။

ဆက်၍ “ သံခင်းသံတမန်ခင်းက သိမ်မွေ့တယ်။ဒီမှာ သံရုံးတစ်ရုံးမှ ရုတ်သိမ်းသွားတာမရှိဘူး။ သူတို့နိုင်ငံတွေရဲ့ သဘောထား နိုင်ငံခြားရေးမူဝါဒတွေ အညီဆောင်ရွက်သွားမယ် တုန့်ပြန်သင့်တာ တုန့်ပြန်သွားမယ်”ဟုပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကအင်္ဂလန်သံရုံးတာဝန်ခံအား ဗီဇာ ပေးဖို့ ငြင်းဆန်ခဲ့သည်က လုပ်ထုံးလုပ်နည်း နှင့် အညီဆောင်ရွက်ခြင်းဖြစ်ကာ လက်ခံ၍ မရသည့် အတွက် လက်မခံခြင်းဖြစ်သည်ဟု ပြောသည်။

အလားတူ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုလည်း နစကဘက်က ကန့်ကွက်မှု ၅ကြိမ် ပြုလုပ်ထားကာ ၁၄၊၅၊၂၀၂၂တွင် မလေးရှား သံရုံးယာယီတာဝန်ခံကို နေပြည်တော်ခေါ်ပြီးကန့်ကွက်ခြင်းနှင့် လက်ရောက်ပေးခဲ့ခြင်းများဆောင်ရွက်ခဲ့ကြောင်းလည်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here