လှိုင်မြို့နယ်ရှိ မြို့နယ် EPC ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ သေနတ်ပစ်ခတ်မှုများလည်းရှိခဲ့

0
323

လှိုင်မြို့နယ်ရှိ မြို့နယ် EPC ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ သေနတ်ပစ်ခတ်မှုများလည်းရှိခဲ့

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊အင်းစိန်လန်းနှင့်ပါရမီလမ်းထောင့်ရှိ မြို့နယ် EPC ရုံးဝင်းအတွင်း မေ ၂၀ ရက်(ယနေ့)နံနက် ၉ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်နေသူများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုသည် မြို့နယ် EPC ရုံးဝင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်ပစ်ခတ်မှုအနည်းငယ်ရှိခဲ့သည်ဟု မြို့ နယ်နေသူများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ပျက်စီး ဆုံးရှုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်သံအကျယ်ကြီးကြားတယ် ချက်ခြင်းပဲသေနတ်ပစ်သံလည်း ၃ ချက်လောက်ကြားလိုက်ရတယ် ရုံးဖွင့်ခါစအချိန် မီတာဆောင်ဖို့လာတဲ့လူတွေလည်း ထွက်ပြေးကြတာအများကြီးပဲ အခုချိန်ထိအရေးပေါ်ကားလာတာမတွေ့တဲ့အတွက် ဒဏ်ရာရတဲ့လူမရှိလောက်ပါဘူး”ဟု မြို့နယ်နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များမှ လမ်းမများအားယာယီပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here