မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသား ၉၃ ဦးအားပြန်လည်ပို့ဆောင်ပေးခဲ့

0
174

မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသား ၉၃ ဦးအားပြန်လည်ပို့ဆောင်ပေးခဲ့

မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်များကျခံပြီးကာ ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၉၃ ဦးအား မြန်မာသံရုံးမှ မေ ၁၉ ရက်တွင်ပြန်လည်ပို့ ဆောင်ပေးခဲ့သည်။

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှတာဝန်ရှိသူများသည် ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား မသန်စွမ်းသူ ၁ ဦးအပါအဝင် ၉၃ ဦးအားသွား ရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသားဟုတ်၊မဟုတ်စစ်ဆေးကာ မှန်ကန်မှုရှိသူများအား ပြန်လည်ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြန်လည်ပို့ဆောင်ပေးရာတွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI)၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှတာဝန်ရှိသူများသည် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများ ၌ ရောက်ရှိနေသူများအားသွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်နိုင်ရန် စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here