နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်ဆေးမှု မှန်ကန်သူများကိုသာ မဲလက်မှတ်ထုတ်ပေးမည်

0
112

နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်ဆေးမှု မှန်ကန်သူများကိုသာ မဲလက်မှတ်ထုတ်ပေးမည်

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ မေ ၁၉ ရက်နေ့လည်ပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ၁၄ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောကြားခဲ့ခြင်းဖြစ်သည်။

“နောင်ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မှန်မမှန် မဲစာရင်းပါနာမည်၊နိုင်ငံသားစီစစ်ရေးကတ်နဲ့မဲစာရင်းအမှတ်တွေကို တိုက်ဆိုင်စစ်ဆေးသွားမှာပါ အဲ့လိုစစ်ဆေးပြီး မှန်ကန်မှသာမဲလက်မှတ်ထုတ်ပေးသွားမှာပါ”ဟု ဦးခင်မောင်ဦးကပြောသည်။

ထိုသို့ စစ်ဆေးမှုအား မဲရုံမှူး(သို့)၎င်းမှတာဝန်ပေး အပ်ထားသည့် မဲရုံအဖွဲ့ဝင်မှ ဆန္ဒမဲပေးမည့်သူအား မဲလက်မှတ်မထုတ်ပေးမီ စနစ်တကျတိုက် ဆိုင်စစ်ဆေးသွားမည်ဖြစ်သည်ဟု ဦးခင်မောင်ဦးကပြောသည်။

ယင်းသို့ တိုက်ဆိုင်စစ်ဆေးရခြင်းမှာ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ ၈ ရက်ကပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခဲ့သူများအားစီစစ်ရာ နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင် ငံသားပြုခွင့်ရသူ ဟုတ်မဟုတ်နှင့်အသက် ၁၈ နှစ် ပြည့်မပြည့်အား စိစစ်၍မရသည့် နိုင်ငံသားစိစစ်ရေးကတ်လက်မှတ် တစ်မျိုးမျိုးမရှိသည့် မဲဆန္ဒ ရှင် ၄ ဒဿမ ၈ သန်းကျော်သည်မဲစာရင်းတွင်ပါ ဝင်မဲပေးခဲ့ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဦးခင်မောင်ဦးကပြောသည်။

“မဲဆန္ဒရှင် မည်သူမည်ဝါဖြစ်ကြောင်းကို စိစစ်လို့မရသည့် Voter slip တွေကိုင်ဆောင်ပြသအသုံး ပြုပြီး မဲပေးခဲ့တာတွေရှိခဲ့ပြီး ဥပဒေနဲ့မညီတဲ့ မဲပေးမှုဖြစ်စဉ်များစွာ ပေါ်ပေါက်ခဲ့ပါတယ်”ဟုဦးခင်မောင်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here