မြန်မာနိုင်ငံမှ ထုတ်ပေးသော ကိုဗစ်ကာကွယ်ဆေးထိုးအီလက်ထရွန်နစ်ကဒ်အား အာဆီယံနိုင်ငံများက တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်

0
131

မြန်မာနိုင်ငံမှ ထုတ်ပေးသော ကိုဗစ်ကာကွယ်ဆေးထိုးအီလက်ထရွန်နစ်ကဒ်အား အာဆီယံနိုင်ငံများက တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်

ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာဖြစ်သည့် https:// c19vc.moh.gov.mm မှ တစ်ဆင့် ထုတ်ပေးသည့် COVID-19 Vaccination Electronic Certificateအား အာဆီယံနိုင်ငံများ အချင်း ချင်း ကာကွယ်ဆေးထိုးမှတ်တမ်း များ အပြန်အလှန် အသိအမှတ် ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင် အသိအမှတ်အမှတ်ပြုလိုက်ပြီဟုသိရသည်။

ထိုသို့ အသိအမှတ်ပြုနိုင်ရေး နှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING)မှတဆင့် အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

၂၀၂၂ မေ၁၅ ရက်မှ စတင်၍ မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ခရီးသွားမည့်သူများ အတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရွန်နစ် အထောက် အထားမှတ်တမ်း (covID-19 Vaccination Electronic Certificate) အား ASEAN Covid-19 Vaccine Certificate Single | Verification Portal ဖြစ်သော https://asean, healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ခရီးသွား မည့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား (covID=19 Vaccination Electronic Certificate) ထုတ်ပေးခြင်းကို ၂၀၂၂ခုနှစ် ဧပြီ ၇ ရက်မှစတင်၍ အွန်လိုင်း စနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ google https://c19c.moh. gov.mm မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိရာ မြန်မာနိုင်ငံမှ ဆေးထိုးနှံပြီးစီးမှုနှင့်ပတ်သက်၍ အလွယ်တကူ တိုက်ဆိုင်စိစစ်နိုင် သည့်အပြင် မည်သည့်နေ့ရက်များ တွင် မည်သည့်ကာကွယ်ဆေး အမျိုးအစားထိုးနှံထားကြောင်းကို အတည်ပြုချက် ရယူနိုင်သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here