ချချင်ဆောင်ခရိုင်ရှိ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံအား မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့ကြ

0
250

ချချင်ဆောင်ခရိုင်ရှိ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံအား မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့ကြ

ထိုင်းနိုင်ငံ၊ချချင်ဆောင်ခရိုင်ရှိ လျှပ်စစ်မီးကြိုးများထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၌ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများ မေ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြမှုဖြစ်ပေါ်ရခြင်းမှာ မြန်မာအလုပ်သ မား ၉ ဦးအား စက်ရုံတာဝန်ရှိသူများမှ အ ကြောင်းမဲ့အလုပ်ထုတ်ခဲ့သည်အား မကျေနပ်သဖြင့် ယင်းစက်ရုံ၌အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“စက်ရုံဘက်ကအပြောကတော့ သူတို့ပြောတာကိုနားမထောင်တဲ့အတွက် အလုပ်ထုတ်တယ်လို့ပြောတယ် လူရွေးပြီးထုတ်လိုက်တာလို့ အလုပ် သမားတွေဘက်ကတော့ပြောတယ် အဲဒီစက်ရုံမှာက မြန်မာအလုပ်သမား ၅၀၀ လောက်ရှိတယ် ကျွန်တော်တို့ကတော့တာဝန်ရှိတဲ့လူတွေနဲ့ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင်ကူညီပေးခဲ့တယ် အခုတော့စက်ရုံနဲ့အလုပ်သမားတွေပြေလည်သွားကြပါပြီ”ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဆန္ဒပြမှုဖြစ်စဥ်တွင် ယင်းစက်ရုံ၌ အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမား ရာနှင့်ချီကာပါ ဝင်ခဲ့ကြပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ပြေလည်မှုတော့ရသွားပြီ နောက်ပိုင်းမှာအလုပ် သမားတွေကိုအလုပ်ထုတ်မယ်ဆိုရင် အပြစ်မရှိဘဲအလုပ်မထုတ်ဖို့ အလုပ်ထုတ်မယ်ဆိုတာကိုကြိုပြီး သတိပေးစာပေးဖို့တွေကို နှစ်ဖက်ညှိနှိုင်းပြီးသဘောတူခဲ့ကြတယ်”ဟုထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here