မော်လမြိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြို၍ နေအိမ်အချို့ပျက်စီး

0
183

မော်လမြိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြို၍ နေအိမ်အချို့ပျက်စီး

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယနေ့နံနက် ၁၀နါရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုခြင်း၊ နေအိမ်အမိုးများလန်ထွက်ခြင်းနှင့် နေအိမ်အချို့သစ်ပင်ပိမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းလေပြင်းတိုက်ခတ်မှုသည် ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်အထိ တိုက်ခတ်နေဆဲဖြစ်ကြောင်း ဆိုသည်။

” အခုအချိန်အထိတိုက်နေတုန်းဘဲ။ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတော့မသိရသေးဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေတော့ ရောက်နေပြီ။လေဘေးသင့်သူတွေ လောလောဆယ်ဘယ်လောက်ရှိမလဲဆိုတာတော့ အတိအကျမသိဘူး။ ပြောင်းရွှေ့နေထိုင်ရတဲ့သူတွေလည်းလက်ရှိမှာမသိနိုင်သေးဘူး”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုထူးထူးက ဆိုသည်။

မော်လမြိုင်မြို့သည် ပင်လယ်နှင့်နီးကပ်ရာမြို့ဖြစ်သည့်အတွက် ရေကြီးမှု ရေလျှံဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက အသင့်အနေအထားဖြစ် ကြိုတင်ပြင်ဆင်မဖျုများဆောင်ရွက်ထားရှိသည်ဟုသိရသည်။

ယနေ့ နံနက်ပိုင်းတွင် မိုး/ဇလညွန်ကြားမှုဦးစီးဌာနက အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း အရှေ့မြောက်ဘက်သို ရွေ့ လျားကာ မြန်မာနိုင်ငံ၊မွန်ပြည်နယ်၊ မော်လမြိုင်မြိုအနီးမှ ကုန်းတွင်းသို့ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း ပေးထားသည်။

ထိုသို ဝင်ရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၃၀ ခန့်ရှိနိုင်ကာ မိုးသည်း ထန်စွာရွာသွန်းမှုများဖြစ်ပေါ်နိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here