ပခုက္ကူမြို့နယ်၊ကမ္မ-မြစ်ခြေသွားကားလမ်းမပေါ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

0
150
ပခုက္ကူမြို့နယ်၊ကမ္မ-မြစ်ခြေသွားကားလမ်းမပေါ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊ကမ္မ-မြစ်ခြေသွားကားလမ်းပေါ်တွင် မေလ၁၉ရက်နံနက်၈နာရီခန့်က အသက်၄၀အရွယ်ခန့်အမျိုးသားတစ်ဦးသည် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
“သေသွားတဲ့သူက ဆုံကုန်းရွာက ဦးဘိုမြင့်ပါ။ဒလန်ဆိုပြီး အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ပစ်သတ်သွားတာပါ´´ဟုဒေသခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ မေလ၁၉ရက်နံနက်၈နာရီခန့် ပခုက္ကူမြို့နယ်၊ကမ္မ-မြစ်ခြေသွားကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်များဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသွားသူသည် ဆုံကုန်းကျေးရွာမှဦးဘိုမြင့် ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်း၏အနီးတွင် 125အမျိုးအစားတရုတ်ဆိုင်ကယ်တစ်စီးအားတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here