ပခုက္ကူမြို့ မြန်မာ့စီးပွားရေးဘဏ်လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ

0
163

ပခုက္ကူမြို့ မြန်မာ့စီးပွားရေးဘဏ်လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရ

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးအား မေလ၂၀ရက်မွန်းလွဲ၃နာရီခန့်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် မော်တော်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ဘဏ်အတွင်းရှိ တာဝန်ကျ စစ်သားတို့နှင့်ပါအပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့သည်ဟုသိရသည်။

“သေနတ်သံတွေက တော်တော်ကျယ်တယ်။ဘဏ်ကို လာပစ်ကြတာ။အစောင့်နေတဲ့ တပ်ကလည်း ပြန်ပစ်တော့ သူတို့စီးလာတဲ့အာရဖတ်ကားကို ထားပြီး ထွက်ပြေးသွားတယ်လို့ကြားမိတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၂၀ရက်မွန်းလွဲ၃နာရီခန့်က ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် Alphard V6အမျိုးအစားမော်တော်ယာဉ်အဖြူရောင်မော်တော်ယာဉ်အဖြူရောင်ဖြင့် ရောက်ရှိလာပြီး ဘဏ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ တာဝန်ကျစစ်သားတို့က ပြန်လည်ပစ်ခတ်ခဲ့ကြသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here