ခင်ဦးမြို့ရှိ စတိုးဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

0
243
ခင်ဦးမြို့ရှိ စတိုးဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ခင်ဦးမြို့၊အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ် ကြေးရုပ်အနီးရှိ “ဟန်နီ”စတိုးဆိုင်အား မေ၁၉ရက်မွန်းလွဲ၁နာရီခန့်က အမည်မသိလက်နက်ကိုင်များ၏ သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်ခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့က နေ့ခင်းကြောင်တောင်ကြီးကို ခင်ဦးကနာမည်ကြီးစတိုးဆိုင်ကို သေနတ်တွေကိုင်လာတဲ့သူတွေရောက်လာပြီး ဓားပြတိုက်သွားကြတယ်။ဆိုင်ထဲမှာလည်း ဖျက်ဆီးသွားတယ်။ငွေတွေနဲ့ဖုန်းတွေလည်း ယူသွားကြတယ်လို့ကြားတယ်။မြို့ပေါ်မှာ ခုလိုပေါ်တင်ဓားပြတိုက်ခံရတာဆိုတော့ တော်တော်ကြောက်စရာကောင်းပြီး လုံခြုံမှုမရှိသလို ခံစားရတယ်´´ဟု မြို့ခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ မေ၁၉ရက်မွန်းလွဲ၁နာရီခန့်တွင် လက်နက်ကိုင်၁၀ဦးခန့်သည် ခင်ဦးမြို့၊အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ် ကြေးရုပ်အနီးရှိ “ဟန်နီ”စတိုးဆိုင်သို့ရောက်ရှိလာပြီး ဆိုင်အတွင်းရှိမှန်ကောင်တာများကိုဖျက်ဆီးခြင်း၊စင်များကိုဖျက်ဆီးခြင်းနှင့်ဆိုင်မှ ရောင်းချသော ပစ္စည်းများကိုဖျက်ဆီးခြင်းတို့အပြင် ငွေကျပ်သိန်း ၂၀ ၊ဖုန်း ၃ လုံးနှင့် CCTV BOX တို့အားယူဆောင်သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here