သီရိလင်္ကာ၌ စားနပ်ရိက္ခာများ ပြတ်လပ်နေ

0
45

သီရိလင်္ကာ၌ စားနပ်ရိက္ခာများ ပြတ်လပ်နေ

ကိုလံဘို၊ မေ ၂၀
သီရိလင်္ကာ မှာ ဆိုးရွားတဲ့စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့်ဝန်ကြီးချုပ်က စားနပ်ရိက္ခာပြတ်လပ်နိုင်တာကို သတိပေးထားပြီး အစိုးရအနေနဲ့ လာမယ့်စိုက်ပျိုးရာသီအတွက် ဓာတ်မြေသြဇာအလုံအလောက်ဝယ်ယူမယ်လို့ ​ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ဓာတုဓာတ်မြေသြဇာ တင်သွင်းဖို့ သမ္မတ ဂိုတာဘာရာ ရာဂျာပါဆာ က ကန့်သတ်ခဲ့တာကြောင့် သီးနှံထွက်နှုန်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

ယခုအခါအစိုးရက တားမြစ်ချက်ကို ပြောင်းလဲဖွင့်လှစ်ပေးခဲ့ပေမယ့်လည်း ဓာတ်မြေဩဇာ တင်သွင်းမှု များများပြားပြား မရှိသေးဘူးလို့ သိရပါတယ်။
“ယာလ (မေ-သြဂုတ်) ရာသီအတွက် ဓာတ်မြေသြဇာဝယ်ယူဖို့ အချိန်မမှီ​တော့ပေမဲ့ မဟာ(စက်တင်ဘာ-မတ်) ရာသီအတွက် လုံလောက်​တဲ့ဓါတ်​မြေသြဇာများရှိဖို့ ပြင်ဆင်နေတယ်လို့” ဝန်ကြီးချုပ် ရာနီလ် ဝစ်ကရီမီရှင်း က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ ။

သီရိလင်္ကာဟာ နိုင်ငံခြားငွေလဲပြသနာ၊လောင်စာဆီနဲ့ ဆေးဝါးများ ပြတ်လပ်ခြင်းပြသနာများ ရင်ဆိုင်နေရတဲ့အတွက် စီးပွားရေးလုပ်ငန်းများ နှေးကွေးသွားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေရတဲ့ နိုင်ငံ့ စီးပွားရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ လွှမ်းမိုးမှုများ၊ ရေနံစျေးနှုန်းများ မြင့်တက်လာမှု များ ​ကြောင့် သီရိလင်္ကာရဲ့ စီးပွားရေးအကျပ်အတည်းဟာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

“ဓာတ်ငွေ့မရှိ၊ ရေနံဆီမရှိရင် ဘာမှလုပ်လို့မရဘူး၊ နောက်ဆုံးရွေးချယ်စရာက ဘာလဲ၊ အစာမရှိရင် ငါတို့သေတော့မယ်၊ အဲဒါက အသေအချာပဲ” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ဧပြီလမှာ ငွေကြေးဖောင်းပွမှု ၂၉.၈ ရာခိုင်နှုန်း ရှိခဲ့ပြီး စားသောက်ကုန်စျေးနှုန်းများက ၄၆.၆ ရာခိုင်နှုန်း တက်လာနေပါတယ်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here