ထီးချိုင့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကိုရင် ၂ ပါးဒဏ်ရာရဟု နစက ထုတ်ပြန်

0
103

ထီးချိုင့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကိုရင် ၂ ပါးဒဏ်ရာရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊နန်းသီတာကျေး ရွာရှိ ပေလန်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ၌ မေ ၁၉ ရက်ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ အမည်မသိလက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့သဖြင့် လက်နက်ကြီးကျည်မှကျရောက် ပေါက်ကွဲခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်ကြောင့် ဘုန်းတော်ကြီးကျောင်းရှိ ကိုရင် ၂ ပါးဖြစ်သည့် ရှင်ဝါသဝ(ခ)မောင်ငွေဇင်အောင် (၁၄)နှစ်နှင့်ရှင်သီလိန္ဒ(ခ)မောင်ဟိန်းထက်အောင် (၈)နှစ်တို့တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးလျက်ရှိကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here