ရန်ကုန်တိုင်းအတွင်း ကားများစည်းကမ်းမဲ့မောင်းနှင်ရပ်တန့်ထားပါက တိုင်ကြားနိုင်သည့် Viber ဖုန်းနံပါတ်များအား ယာဥ်ထိန်းရဲတပ်ဖွဲ့အသိပေး

0
198

ရန်ကုန်တိုင်းအတွင်း ကားများစည်းကမ်းမဲ့မောင်းနှင်ရပ်တန့်ထားပါက တိုင်ကြားနိုင်သည့် Viber ဖုန်းနံပါတ်များအား ယာဥ်ထိန်းရဲတပ်ဖွဲ့အသိပေး

ရန်ကုန်တိုင်းအတွင်း ကားများသွားလာမှုအဆင် ပြေချောမွေ့စေရန် ယာဥ်ထိန်းရဲတပ်ဖွဲ့၏ ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ နေ့စဥ်စစ် ဆေးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများလိုက်နာရန်၊စည်းကမ်းဖောက်ဖျက်သည့် ကားများအားဖောက်ဖျက်သည့် မြို့နယ်၊လမ်း၊နေရာနှင့်စည်းကမ်းဖောက် ဖျက်မှုတို့အားမှတ်တမ်းဓာတ်ပုံရိုက်၍ Viber ဖုန်းနံပါတ် ၀၉-၇၇၇၄၃၆၂၃၂ နှင့် ၀၉-၇၇၇၄၃၆၂၃၃ တို့သို့ ပေးပို့တိုင်ကြားနိုင်ပါကြောင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အသိပေးခဲ့သည်။

ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ယခုနှစ် ဧပြီလအတွင်း ယာဥ်စည်းကမ်းဖောက်ဖျက်သည့် အမှု ၁၅၉၉ မှုအနက် မှတ်တိုင်စနစ်တကျမရပ်မှု ၃၇၉ မှု၊ခါးပတ်မပတ်မှု ၃၃၆ မှု၊လိုင်စင်မပါဘဲမောင်းနှင်မှု ၁၄၄ မှုတို့မှာ အများဆုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရန်ကုန်တိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here