နစကရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက် တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုတက်ရောက်ဖို့ရှိနေပါသလဲ

0
73

နစကရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက် တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုတက်ရောက်ဖို့ရှိနေပါသလဲ

နစကဥက္ကဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ ပါတ်သတ်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း၁၀ဖွဲ့ထဲက ၇ဖွဲ့၊အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ၃ဖွဲ့တို့က တက်ရောက်ကြမှာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်၁၀ဖွဲ့ထဲက ၃ဖွဲ့က ဥက္ကဌတွေကိုယ်တိုင်တက်ရောက်ကြမှာဖြစ်ပြီး ဒီအဖွဲ့တွေထဲ RCSS အဖွဲ့ ဥက္ကဌ နဲ့ နစကဥက္ကဌတို့ ယမန်နေ့ မေ ၂၀ရက်မှာ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

ဆက်လို့ ဥက္ကဌကိုယ်တိုင်တက်ဖို့ စာရင်းပေးသွင်းထားတဲ့ အဖွဲ့တွေက DKBA နဲ့ KNU-KNLA(PC)အဖွဲ့ တို့ဖြစ်တယ်လို့ နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

NMPS ၊ ALP တို့ရဲ့ ဥက္ကဋ္ဌတွေကတော့ ကျန်းမာရေးအခြေအနေအရ မတက်နိုင်ဘဲ ဒုတိယ ဥက္ကဋ္ဌတွေပဲ ဦးဆောင်တက်ရောက်ကြဖို့ရှိပါတယ်။ဒီလိုပဲ PNLO နဲ့ LDU တို့ကတော့ တွဲဖက်အထွေထွေအတွင်းရေးမှူး အဆင့်ရှိသူတွေ တက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။

UWSP/UWSA နဲ့ NDAA (မိုင်းလား) အဖွဲ့ ၂ ဖွဲ့အနေနဲ့ကတော့ သူတို့တွေရဲ့ ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ခရီးဝေးသွားလာဖို့ အခက်အခဲများကြောင့် ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ အဆင့်ရှိသူတွေပဲ တက်ရောက်ကြဖို့ ရှိတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက် ကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ထဲက ခေါင်းဆောင် ကိုယ်တိုင်တက်ရောက် နိုင်ခြင်းမရှိတဲံ ၇ ဖွဲ့မှ ဦးဆောင်တက်ရောက် ကြမယ့် ဒုတိယဥက္ကဋ္ဌ/အတွင်းရေးမှူးတွေဟာ သက်ဆိုင်ရာအဖွဲ့ အစည်းတွေရဲ့ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အားလုံးရဲ့ ကိုယ်စား အဆုံးအဖြတ်ပြုနိုင်မယ့် ပုဂ္ဂိုလ်တွေသာဖြစ်တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေ၊ ခေါင်းဆောင်တွေရဲ့ ပြန်ကြားစာတွေအရသိရပါတယ်။

မူလက မပါတော့ဘူးဆိုတဲ့ LDU အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖြစ်တာက “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ဥက္ကဋ္ဌ ကျာခွန်ဆာ လက်မှတ်ရေးထိုးပြီး ဆွေးနွေးရန်အသင့် မဖြစ်သေးသည့် အတွက် တက်ရောက်ခြင်းမပြုဟု မူလက ပြန်ကြားခဲ့ပါကြောင်း၊ ထိုသို့ပြန်ကြား ချက်သည် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ၂ ဦး၏ သဘောထားဖြင့်သာ ပြန်ကြားခြင်းဖြစ်ကြောင်းကို သိရပါကြောင်း၊ LDU အဖွဲ့အနေဖြင့် ဗဟိုအမှု ဆောင်အစည်းအဝေးကို Online မှပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်ခြင်းမရှိဘဲ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်အရ တွဲဖက် အတွင်းရေးမှူး (၂) အဆင့်ရှိ ကျားယာကွပ် ဦးဆောင်သည့်အဖွဲ့ကို စေလွှတ်တက်ရောက်မည်ဟု ပြန်ကြားထားပါကြောင်း”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းပြထားပါတယ်။

နစကဥက္ကဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အခုမေလထဲ ၄ဖွဲ့လောက်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး ဇွန်လထဲမှာလည်း ဆက်လက်တွေ့ဆုံသွားဖို့ရှိနေပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ဦးဆောင်မှုအဖွဲ့ကလည်း နစကရဲ့ ညှိနှိုင်းရေး ကော်မတီသို့ စာတစ်စောင်ပေးပို့ခဲ့သေးပြီး သူတို့အဖွဲ့နဲ့ပါ တွေ့ဖို့ တောင်းဆိုခဲ့တာလည်းရှိခဲ့ပါတယ်။

ဒီအပေါ် ညှိနှိုင်းရေးကော်မတီက “ EAO တစ်ဖွဲ့ချင်းစီရဲ့ လိုလားချက်သဘောတရား တူညီမှုမရှိခြင်း ကြောင့် နိုင်ငံတော်အကြီးအကဲ အနေနဲ့ EAO တစ်ဖွဲ့ချင်းစီကိုသာ တွေ့ဆုံမှာဖြစ်ပြီးတော့ တရားဝင်ဆွေးနွေးလိုတယ်ဆိုရင် ညှိနှိုင်းရေး ကော်မတီနဲ့ PPST ဦးဆောင်မှုအဖွဲ့တို့ တွေ့ဆုံနိုင်ပါတယ်လို့ ပြန်ကြား ထားရှိထားတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here