ထိုင်းနိုင်ငံ ချိုင်နတ်ခရိုင်ရှိ လမ်းဘေးတွင်သေဆုံးနေသည့် အမျိုးသမီး ၂ ၏ရုပ်အလောင်းများတွေ့ရှိခဲ့

0
126

ထိုင်းနိုင်ငံ ချိုင်နတ်ခရိုင်ရှိ လမ်းဘေးတွင်သေဆုံးနေသည့် အမျိုးသမီး ၂ ၏ရုပ်အလောင်းများတွေ့ရှိခဲ့

ထိုင်းနိုင်ငံ၊ချိုင်နတ်ခရိုင်၊မနိုရုန်(မ်)မြို့၊ဘန့်နောင်သာတွန်ကျေးရွာအနီးရှိ ကားလမ်းဘေးတွင် သေ ဆုံးနေသည့် အမည်၊နေရပ်လိပ်စာနှင့်လူမျိုး(စီစစ်ဆဲ)အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်များအားတွေ့ရှိခဲ့သည်။

အဆိုပါ အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းများအား မေ ၁၉ ရက်တွင် နွားကျောင်းနေသူတစ်ဦးမှ မြင်တွေ့ခဲ့သဖြင့် တာဝန်ရှိသူများထံအကြောင်း ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများမှလာရောက်စစ်ဆေးရာ သေဆုံးနေသည့် အမျိုးသမီး ၂ ဦးသည် အ သက် ၂၀ မှ ၂၅ ဝန်းကျင်ရှိကာ ပြင်ပဒဏ်ရာများမရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

“ကျွန်တော်တို့ကို မြန်မာနိုင်ငံသူတွေဟုတ်၊မဟုတ်လာကြည့်ပေးဖို့အကြောင်းကြားလို့သွားကြည့်ခဲ့တယ် ဒါပေမယ့် အလောင်းတွေကဘယ်နေ့မှာသေခဲ့တာလဲဆိုတာမသိဘူး ပုတ်ပွနေပြီဖြစ်လို့ ကျွန်တော်တို့နိုင်ငံက ဟုတ်၊မဟုတ်ဆိုတာကို အတည်ပြုချက်မပေးနိုင်ခဲ့ပါဘူး”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အမျိုးသမီးရုပ်အလောင်းများတွေ့ရှိမှုနှင့်ပတ် သက်၍ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်လာစဥ် ကားပေါ်၌အောက်စီဂျင်ပြတ်၍သေဆုံးခဲ့သဖြင့် လမ်းဘေး၌ချထားခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်ဟု သိရသည်။

“ထိုင်းရဲတွေပြောပုံအရဆိုရင် သေနေတဲ့ ၂ ယောက်နားမှာ ပြောင်းဖူးစေ့တွေတွေ့ရတဲ့အတွက် ပြောင်းဆန်များတင်ဆောင်လာတဲ့ ကားနဲ့ခိုးပြီးလိုက်လာတယ် ပြောင်းအိတ်တွေနဲ့လေးဖက်လုံးကော အပေါ်ကကောပိတ်လိုက်တဲ့အတွက် အောက်စီဂျင်ပြတ်သေတယ်လို့ပြောတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်အားအမှုမှန်ပေါ်ပေါက်စေရန် ဟမ်းနမ်းစာခွန်ရဲစခန်းမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here