ချင်းပြည်နယ်တွင် ကောလိပ်နှင့်နည်းပညာဆိုင်ရာအထက်တန်းကျောင်းများထပ်မံ ဖွင့်လှစ်ရန်စီစဉ်

0
365

ချင်းပြည်နယ်တွင် ကောလိပ်နှင့်နည်းပညာဆိုင်ရာအထက်တန်းကျောင်းများထပ်မံ ဖွင့်လှစ်ရန်စီစဉ်

တိုင်းနှင့်ပြည်နယ်(၁၄)ခုအနက် တက္ကသိုလ်၊ကောလိပ်အနည်းပါးဆုံးဖြစ်နေသည့် ချင်းပြည်နယ်တွင် ကောလိပ်အသစ်တစ်ခုနှင့် စက်မှုလက်မှုအထက်တန်း ကျောင်း များ ဖွင့်လှစ်ရန် နစကက စီစဉ်နေသည်ဟုသိရသည်။

တစ်ပြည်နယ်လုံးမှာမှ ၂၀၂၀ခုနှစ်ရောက်မှ ဟားခါးတက္ကသိုလ်တစ်ခုသာ ရှိသေးသည့် ချင်းပြည်နယ်တွင် ထပ်မံဖွင့်လှစ်မည့် ကောလိပ်မှာ မင်းတပ်မြို့တွင်ဖြစ်ပြီး အဆိုပါကောလိပ်ကို မင်းတပ်ကောလိပ်ဟု အမည်ပေးထားသည်ဟုသိရသည်။

နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုင်းဒေသကြီး၊ ပြည်နယ် များအနက် ချင်းပြည်နယ်သည် ပညာရေးနှင့် ပတ်သက်ပြီး အားနည်း ချက်များ ရှိခဲ့၍ ယင်းကိုကုစားနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုပြောကြားသည်။

ချင်းပြည်နယ်၌ ယခင်က ၂၀၁၆ ခုနှစ်တွင် ဟားခါးကောလိပ်တစ်ခု ဖွင့်လှစ် ပြီး ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

မင်းတပ် ကောလိပ်ကို ထပ်မံဖွင့်လှစ်ရန် လက်ရှိတွင် ဆောက်လုပ်ရေလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကလည်း မင်းတပ်၌ စက်မှုလက်မှုသိပ္ပံ ၁ ခု၊ ဖလမ်း၊ ပလက်ဝနှင့် ထန်တလန်တို့၌ စက်မှုလက်မှုအထက်တန်း ကျောင်း ၃ ကျောင်း ထပ်မံဖွင့်လှစ်ရေး စီမံချက်ထားဆောင်ရွက်လျက် ရှိနေသည်ဟုသိရသည်။

လက်ရှိတွင် ချင်းပြည်နယ်ရှိ ရှိပြီးသားကျောင်းအချို့ပင် မဖွင့်လှစ်နိုင်သည့် အနေအထားရှိနေသည်ဟုသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here