လေဆိပ်များတွင်မျောက်ကျောက်ရောဂါလက္ခဏာများစစ်ဆေး
ဘန်ကောက်၊မေ ၂၅
မျောက်ကျောက်ရောဂါဖြစ်ပွားနေကြောင်း အတည်ပြုထားသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဆိုက်ရောက် ခရီးသည်များကိုအပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ စစ်ဆေးခြင်း အဆင့်မြှင့်တင်ရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားကြောင်း လက်ထောက်ဝန်ကြီး Sathit Pitutecha က ပြောသည်။
“လေဆိပ်တစ်ခုစီတွင် ရောဂါထိန်းချုပ်ရေးယူနစ်တစ်ခုစီရှိပြီး တာဝန်ရှိသူများက သေသေချာချာစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်” ဟု ၎င်းက ဆိုသည်။
အရေပြားရောဂါများနှင့် လိင်မှတဆင့်ကူးစက်ရောဂါရှိသူများ အားကုသည့်ဆေးခန်းများတွင် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍သေချာစောင့်ကြည့်ပြီး သတိထားဆောင်ရွက်ကြရန် ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ Mr Sathit ကအားလုံးကိုတိုက်တွန်းထားသည်။
DDC ၏ကူးစက်ရောဂါဗေဒဌာနခွဲက အင်္ဂလန်၊ စပိန်နှင့် ပေါ်တူဂီ တို့မှ ခရီးသွားများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
Source: BangkokPost