မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နိုင်ငံသား ၄၀ ဦးအား မေလအတွင်း တတိယအ ကြိမ်မြောက်အဖြစ်ပြန်ပို့ပေးခဲ့

0
204

မလေးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နိုင်ငံသား ၄၀ ဦးအား မေလအတွင်း တတိယအ ကြိမ်မြောက်အဖြစ်ပြန်ပို့ပေးခဲ့

မလေးရှားနိုင်ငံရှိ BELANTIK ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၄၀ ဦးအား မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှတာဝန်ရှိသူများက မေ ၂၅ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား ၄၀ ဦးသည် မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ထိမ်းသိန်းရေးစခန်းများ၌ ပြစ်ဒဏ်ကျခံပြီးသူများဖြစ် သည်။

၎င်းတို့အား မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တာ ဝန်ရှိသူများကသွားရောက်တွေ့ဆုံ၍ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI)၏ ကယ် ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသား ၄၀ ဦးအပါအဝင် မေလအတွင်း မလေးရှားနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသူ ၁၈၈ ဦးအားပြန်လည်ပို့ ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများမှလည်း မလေးရှားနိုင်ငံ၌ အကြောင်းအ မျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအားသွား ရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန် စီစဉ်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here