ဖားကန့်မြို့နယ်တွင် နေအိမ်အတွင်းရှိနေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
138

ဖားကန့်မြို့နယ်တွင် နေအိမ်အတွင်းရှိနေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆန်းကြွယ်ကျေးရွာနေ ဦးတင်မော်(၄၀)နှစ်ကျော်ခန့်သည့် မေ ၂၅ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲကျော်ခန့်က နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဦးတင်မော်သည် နေအိမ်၌ရှိနေစဥ် အမည်မသိအမျိုးသားများမှ အိမ်အတွင်းသို့ဝင်ရောက်လာကာသေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးတင်မော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သည်ဟု သိရသည်။

” ပြောနေတာကြားရသလောက်ဆိုရင် သူကစစ်သားတွေ ရဲတွေနဲ့ရင်းနှီးတယ်လို့တော့ပြောနေသံကြားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ကျေးရွာနှင့်နေအိမ်တို့အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် လှည့်လည်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here