နယ်စပ်ကုန်သွယ်ရေး ယခင်ထက် လျှော့နည်းနေဆဲ

0
181

နယ်စပ်ကုန်သွယ်ရေး ယခင်ထက် လျှော့နည်းနေဆဲ

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးအခြေအနေဟာ ထိုင်းဘက်နဲ့ပိုင်းမှာ ယခင်ထက် တက်လာတာရှိပေမယ့် တရုတ်၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ နဲ့ ဆိုရင်တော့ ယခင်ကာလတူတွေကထက် လျှော့ကျနေတဲ့ အခြေအနေတွေရှိနေတာကို စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ နယ်စပ်ကုန်သွယ်ရေးကာလတူနှိုင်းယှဉ်ချက်တွေအရသိရပါတယ်။

မြန်မာ- တရုတ် နယ်စပ်ကုန်သည်ကြီးတစ်ဦးက “တရုတ်နဲ့က အခုမှ ပြန်သွက်လာတဲ့အခြေအနေရှိနေတယ်။ဒါပေမယ့် ယခင်ကာလတူကထက်တော့ နည်းနေသေးတာပေါ့။အခုက မြန်မာကားတွေကို ပြန်ဝင်ခိုင်းလိုက်တာရှိတယ်။တရုတ်ဘက်ကနေပြီးတော့။ ဒီတော့ အရင်အခြေအနေကို ပြန်ရောက်ဖို့က ပိုလွယ်သွားပြီ”လို့ လက်ရှိကုန်သွယ်မှုအခြေအနေကိုမှတ်ချက်ပြပါတယ်။

၂၀၂၂ ဧပြီ၁ရက်ကနေ မေ ၁၃ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်ကြတဲ့ မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုက်တီ၊ကျိုင်းတုံ စတဲ့ ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂၁၃ဒသမ၇၂၆သန်းရှိခဲ့ပါတယ်။ပြီးခဲ့တဲ့၂၀၂၁ ဧပြီ၁ရက်ကနေ မေ ၁၃ရက်အထိ ကုန်သွယ်မှုနဲ့ နှိုင်းယှဉ်ရင်တော့ ကုန်သွယ်မှုဟာ အမရေိကန်ဒေါ်လာ -၁၈၁ဒသမ ၂၁၁သန်း လျှော့နည်းနေတယ်လို့ စီးပွားကူးသန်းအချက်အလက်တွေအရသိရပါတယ်။

ပို့ကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁၀၀ကျော်၊သွင်းကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၇၁သန်းကျော် လျှော့နည်းနေတာပါ။အဓိကကတော့ မူဆယ်ကုန်သွယ်ရေးပိုင်းမှာ ကျဆင်းမှုတွေဖြစ်နေတာပါ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆိုရင်လည်း ကုန်သွယ်မှုက ယခင်ထက် သိသိသာသာတိုးလာမျိုးမတွေ့ရသေးပါဘူး။ထိုင်းနဲ့ ဘက်မှာတော့ ကုန်သွယ်မှုက အရှိန်ကောင်းနေပါတယ်။၂၀၂၂ ဧပြီ၁ရက်ကနေ မေ ၁၃ရက်အထိ မြန်မာ-ထိုင်း ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာသန်း ၅၀၀ကျော်ရနေပါတယ်။၂၀၂၁ ဧပြီ၁ရက်ကနေ မေ ၁၃ရက်အထိ ကုန်သွယ်မှုက သန်း၄၅၀ကျော်ပဲရှိနေပါတယ်။ဒီတော့ ကုန်သွယ်မှုက တိုးလာတယ်လို့ စီးပွားကူးသန်းကဖော်ညွှန်းပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here