ချုံချင့်-လန်ချန်း-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းက မြန်မာ-တရုတ် ကုန်သွယ်မှုမြှင့်တင်ရေး၌ အရေးပါသည့် စီးပွားရေးစင်္ကြန်အသစ် (new economic corridor) တစ်ခုဖြစ်လာဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှတ်ချက်ပြု

0
196

ချုံချင့်-လန်ချန်း-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းက မြန်မာ-တရုတ် ကုန်သွယ်မှုမြှင့်တင်ရေး၌ အရေးပါသည့် စီးပွားရေးစင်္ကြန်အသစ် (new economic corridor) တစ်ခုဖြစ်လာဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှတ်ချက်ပြု

တရုတ်-မြန်မာ လမ်းကြောင်းသစ် (ချုံချင့်-လန်ချန်း-မြန်မာ) နိုင်ငံတကာအထူးရထား သည် ၂၀၂၂မတ်လ၂၃ရက်ကစပြီး တရားဝင်စတင်ပြေးဆွဲလိုက်ပြီဖြစ်ပြီး အဆိုပါရထားဖြင့် သယ်ဆောင်လာသော ကုန်ပစ္စည်းများသည် ချုံချင့်မြို့မှ လန်ချန်းမြို့အထိ ရထားဖြင့်လည်းကောင်း၊ ထို့နောက် မြန်မာနိုင်ငံချင်းရွှေဟော်မှတစ်ဆင့် မန္တလေးမြို့သို့ ကုန်တင်ယာဉ်များဖြင့်လည်းကောင်းရောက်ရှိလာမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့မေလ ၂၅ရက် အသိပေးထုတ်ပြန်ချက်အရသိရသည်။

တရုတ်နိုင်ငံ ကော်ယွမ်ကန် ကား၊ ရထား၊ မြစ်တွင်းသွား သင်္ဘောနှင့် လေယာဉ် ကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်း၌ ကျင်းပပြုလုပ်သည့် “တရုတ်-မြန်မာ လမ်းကြောင်းသစ် (ချုံချင့်-လန်ချန်း-မြန်မာ) နိုင်ငံတကာအထူးရထား တရားဝင်စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာဘက်က မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၏ ကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦး ကိုယ်တိုင်တက်ရောက်ခဲ့မှုလည်းပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ နိုင်ငံတကာကုန်သွယ်မှုအထူးရထားသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြားတွင် ပထမဦးဆုံးစတင်ပြေးဆွဲမည့် မီးရထား-ကားလမ်း ပေါင်းစပ်လမ်းကြောင်းသစ်ဖြစ်ပြီး၊ နေစွမ်းအင်သုံးစက်ကိရိယာများနှင့် အခြားဆက်စပ်ပစ္စည်းများကို ချုံချင့်မြို့မှ လန်ချန်းမြို့အထိ ရထားဖြင့်လည်းကောင်း၊ ထို့နောက် ချင်းရွှေဟော်မှတစ်ဆင့် မန္တလေးမြို့သို့ ကုန်တင်ယာဉ်များဖြင့်လည်းကောင်း ပို့ဆောင်သွားမည်ဟုသိရသည်။

တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် CRIကမြန်မာနိုင်ငံသို့ ဦးတည်လာသည့် နိုင်ငံတကာရထားလမ်း ရထားတွဲ၌ ကွန်တိန်နာ အလုံး၆၀ ပါလာကာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ ပါဝင်သည်ဟုဖော်ပြကာ ၁၅ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိမည် ဖြစ်ပြး သမားရိုးကျနည်းလမ်းထက် ရက်၂၀ လျော့နည်းသွားမည်ဟုဆိုထားသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများက အလားတူသယ်ယူပို့ဆောင်မှုမျိုး မြန်မာ-တရုတ်နယ်စပ်ဘက်တွင်ဆောင်ရွက်နိုင်မည်ဆိုလျှင် ကျဆင်းနေသည့် နယ်စပ်ကုန်သွယ်မှုအပေါ် အကျိုးရလဒ်ကောင်းထွက်လာနိုင်သည်ဟုသုံးသပ်နေကြသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်မှုအပိုင်းကို တရုတ်ဘက်က ကန့်သတ်မှုအချို့ရှိနေကာ လက်တလောကာလကမှ မြန်မာကားများဝင်ခွင့်ပေးခဲ့သည့်ဖြစ်စဉ်လည်းရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here