ကန်ကျနဘူရီခရိုင်ရှိ တောထဲ၌ပုန်းနေသည့် မြန် မာနိုင်ငံသား ၁၀၀ ဦးခန့်အား သေနတ်မိုးပေါ်ထောင်ဖောက်၍ ဖမ်းဆီးခဲ့

0
209

ကန်ကျနဘူရီခရိုင်ရှိ တောထဲ၌ပုန်းနေသည့် မြန် မာနိုင်ငံသား ၁၀၀ ဦးခန့်အား သေနတ်မိုးပေါ်ထောင်ဖောက်၍ ဖမ်းဆီးခဲ့

ထိုင်းနိုင်ငံ၊ကန်ကျနဘူရီခရိုင်၊ကန်ကျနဘူရီမြို့ နယ်၊ဘန်နွန်ဆမ်ပရန်ကျေးရွာအနီးရှိ တောထဲ၌ ပုန်းနေသည့် မြန်မာနိုင်ငံသားများနှင့်ထိုင်းနိုင်ငံ သားကားမောင်းသူ ၁ ဦးတို့အား တာဝန်ရှိသူများက မေ ၂၅ ရက်တွင် သေနတ်မိုးပေါ်ထောင်ဖောက် ၍ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဘန်နမ်ဆွမ်ပရန်ကျေးရွာအနီး၌ တရားမဝင်အ လုပ်သမားများရောက်ရှိနေကြောင်း သတင်းအရ ကန်ချနဘူရီမြို့နယ်မှတာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ သတင်းရရှိသည့်နေရာ၌ ၁၈ ဘီးကားတစ်စီးအား စစ်ဆေးတွေ့ရှိခဲ့ရပြီး ကားပေါ်တွင်လိုက်ပါလာသူများသည် တောထဲသို့ဆင်း၍ပုန်းအောင်းနေသဖြင့် တာဝန်ရှိသူများမှသေနတ်အားမိုးပေါ်ထောင်ဖောက်ကာ လိုက်လံဖမ်းဆီးခဲ့ကြသည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးရာ မြန်မာနိုင်ငံသား အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၃၃ ဦးနှင့်ကလေး ၃ ဦး(စုစုပေါင်း ၉၆ ဦး)ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ် ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

အဆိုပါ မြန်မာနိုင်ငံသားများနှင့်အတူ ၎င်းတို့အားတင်ဆောင်လာသည့် ၁၈ ဘီးကားမောင်းနှင်သူ အသက်(၃၃)နှစ်အရွယ်ခန့်ရှိ ထိုင်းနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ထိုင်းကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ကန်ကျနဘူရီမြို့နယ်ရှိ ရဲစခန်းသို့ တာဝန်ရှိသူများက ပို့ဆောင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here