မြိတ်ခရိုင်အတွင်း ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ မီးရှို့ဖျက်ဆီးခံရ

0
96

မြိတ်ခရိုင်အတွင်း ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများတွင် ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို သယ်ဆောင်လာသော ၁၂ဘီးယာဉ် ၂စီးသည် သရက်ချောင်းမြို့ နယ်အောက်သရက်ချောင်းကျေးရွာအရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ထားဝယ်- မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရောက်ရှိစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တားဆီး ၍ ယာဉ်ပေါ်ပါ ကျောင်းသုံးပုံနှိပ်စာအုပ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မေ ၂၄ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၂ စီးသည် သရက်ချောင်းမြို့ နယ်အောက်သရက်ချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ထားဝယ်- မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက တားဆီးရပ်တန့်၍ ကျောင်းသုံး ပုံနှိပ် စာအုပ်များထည့်ထားသည့် စုစုပေါင်း ဆာလာအိတ် ၁၅၉၇ အိတ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်အား ကားလမ်းဘေးသို့ ချပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here