ပြင်ဦးလွင်မြို့နယ်၌ သံပြားများတင်လာသည့်ကားတိမ်းမှောက်ကာ ကားမောင်းသူသေဆုံး

0
197

ပြင်ဦးလွင်မြို့နယ်၌ သံပြားများတင်လာသည့်ကားတိမ်းမှောက်ကာ ကားမောင်းသူသေဆုံး

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ရေသရောက်ကုန်းကျေးရွာအနီးရှိ မန္တလေး-လားရှိုးသွားကားလမ်းတွင် မေ ၂၆ ရက်(ယနေ့)နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု မြန် မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ရေသရောက်ကုန်းကျေးရွာအနီး မန္တလေး-လား ရှိုးသွားကားလမ်း၏ မိုင်တိုင်အမှတ်-၅၁/၃ နှင့် ၅၁/၄ ကြားရှိ မြိုင်ကြီးကွေ့တွင် သံပြားများတင်ဆောင်လာသည့် ကားမှာအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားမှောက်မှုကြောင့် ကားမောင်းသူမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကားစပယ်ယာတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူအား သန္တိသုခလူမှုကူညီရေးအသင်းကားဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ပြင်ဦးလွင်မြို့နယ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here