ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ ကိုကျော်ဝင်းလှိုင်ကားတိုက်ခံရ၍ ကွယ်လွန်

0
273

ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ ကိုကျော်ဝင်းလှိုင်ကားတိုက်ခံရ၍ ကွယ်လွန်

ဓာတ်ပုံရှင်တစ်ဦးဖြစ်ကာ Sony Alpha Brand Ambassador ၏ဖြစ်သည့် ကိုကျော်ဝင်းလှိုင်သည် မေ ၂၆ ရက်(ယနေ့)နံနက် ၅ နာရီခွဲကျော်ခန့်က ကွယ်လွန်သွားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊မေတ္တာလမ်းတွင် စက် ဘီးစီးလာသည့် ကိုကျော်ဝင်းလှိုင်အား လမ်းပြောင်းပြန်မောင်းနှင်လာသည့် ကားတစ်စီးမှဝင်တိုက်မိခဲ့၍ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ယမန်​နေ့က သူနှင့် Sony Camera တို့၏ စာချုပ်သက်တမ်း တိုးခြင်းကို ​ပျော်ရွှင်ဂုဏ်ယူစွာ လက်မှတ်ထိုးခဲ့​သေးသည်။

သူ့ လူမူကွန်ယက်၏ ​နောက်ဆုံးပို့စ်မှာ

“Happy Day !!!
အခက်ခဲ အကျပ်တည်းတွေကြားမှ ရှေ့ခရီးကိုဆက်နိုင်ဖို့ အားအင်တွေဖြစ်ရပါတယ်။ Sony Alpha Brand Ambassador အဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီးလက်တွဲခဲ့ပါတယ်။ ယခုနှစ် ၂၅-၅-၂၀၂၂ ခုနှစ်မှာ ၇ နှစ်မြောက်အဖြစ် ဆက်လက်ခရီးဆက်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူပါတယ်။ အကောင်းဆုံးလက်တွဲရင်း ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်အောင်ကြိုးစားသွားမယ်။ ယနေ့အချိန်ထိ ဆရာ၊ ညီအစ်ကိုမောင်နှစ်မ၊ မိတ်ဆွေများနှင့်အတူတူလက်တွဲခွင့်ရတဲ့အတွက်လည်း များစွာဂုဏ်ယူလျှက်ပါ….။

Save Date – 25-5-2022″ဟု အမှတ်ရတင်ခဲ့သည်။

ကိုကျော်ဝင်းလှိုင်၏ ရုပ်အလောင်းအား မေ ၂၈ ရက်တွင် ရေဝေးသုဿန်၌ ဂူသွင်းသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်ဝင်းလှိုင်သည် Sony World Photography award အပြင်နိုင်ငံတကာဆုများရရှိထားသူတစ်ဦးဖြစ်သည်။

Photo Credit Zayar Myat khaing


LEAVE A REPLY

Please enter your comment!
Please enter your name here