မြဝတီ – မဲဆောက် လမ်းကြောင်းမှ တဆင့် MoUမြန်မာလုပ်သား၃၅၀ကျော် ထပ်မံဝင်ရောက်လာ

0
69

မြဝတီ – မဲဆောက် လမ်းကြောင်းမှ တဆင့် MoUမြန်မာလုပ်သား၃၅၀ကျော် ထပ်မံဝင်ရောက်လာ

မြဝတီ – မဲဆောက် လမ်းကြောင်းမှ တဆင့် MoU စနစ်ဖြင့် ယနေ့ မေလ၂၆ရက်တွင် မြန်မာ အလုပ်သမား (၃၅၄) ဦးဝင်ရောက်လာကြောင်း မြန်မာ အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုအသုတ်သည် မြဝတီ – မဲဆောက် လမ်းကြောင်းမှတဆင့် မြန်မာလုပ်သားများဝင်ရောက်လာမှု ပဉ္စမအသုတ်ဖြစ်သည်ဟုသိရသည်။

တရားဝင်မြန်မာလုပ်သားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများမှ မဲဆောက်နယ်စပ်စခန်း၌ ကြိုဆိုလက်ခံခဲ့သည်ဟုသိရသည်။

ယနေ့ ဝင်ရောက်လာသည့် အလုပ်သမားများသည် ထိုင်းနိုင်ငံ Ansen Technology Co.,Ltd သို့ (၉၈) ဦး၊ Dasko Co.,Ltd သို့ (၅၇)ဦး၊ Spring Kitchens Co.,Ltd သို့ (၁၅၀) ဦး၊ Chungseng Farm Co., Ltd သို့ (၄၉) ဦး အသီးသီးသွားရောက်လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့်လည်းကောင်း၊မြဝတီ – မဲဆောက် လမ်းကြောင်းမှ တဆင့်လည်းကောင်း၊ ကော့သောင်း-ရနောင်း ရေကြောင်းလမ်းမှ တစ်ဆင့်ဖြင့် လည်းကောင်းMoU စနစ်ဖြင့် မြန်မာလုပ်သားများဆက်တိုက် ထွက်ခွာလျှက်ရှိနေသည်ဟုသိရသည်။

အလုပ်သမားရေးရာလေ့လာနေသူတစ်ဦးက“တရားဝင်သွားလို့ရနေတာကို တရားဝင်သွားကြစေချင်တယ်။ပွဲစားတွေရဲ့ စကားကို ယုံပြီး အောက်လမ်းကနေ တရားမဝင်မသွားစေချင်ဘူး။ဖမ်းခံနေရတာ ဆက်တိုက်ဆိုသလို ကြားနေမြင်နေရတာမို့ တရားဝင်လမ်းကြောင်းကပဲ သွားဖို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here