မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားသုံးဦးအားဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွား

0
198

မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားသုံးဦးအားဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သိပ္ပံလမ်းနှင့် ၆၉ လမ်းထောင့်တွင် မေ ၂၆ ရက်ညပိုင်းက ဓားဖြင့်ခုတ်၍ ကလစ်ဆိုင်ကယ်လုယက်ခံရမှုဖြစ်ပွားခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

အမည်မသိအမျိုးသားများက ကလစ်ဆိုင်ကယ်စီးလာသူ ၃ ဦးအား လမ်းမှစောင့်၍ ဓားဖြင့်ခုတ်ကာ စီးလာသည့်ကလစ်ဆိုင်ကယ်အား လုယက်ယူဆောင်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ် သည်။

“ရက်ရက်စက်စက်ကိုလုပ်သွားတာ ကောင်လေးတစ်ယောက်ကပြန်ပြီးလုပ်တော့ အဲ့ကောင်လေးမှာဓားခုတ်ခံရတဲ့ဒဏ်ရာတွေပိုများတယ် ကောင်လေးတစ်ယောက်ရဲ့ဖုန်းကိုလည်းလုယူသွားကြတယ်”ဟု မဟာအောင်မြေမြို့နယ်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ဓားခုတ်ဒဏ်ရာများရရှိခဲ့သူ ၃ ဦးအား စေတမန်လူမှုကူညီရေးအသင်းကားဖြင့် ဆေးကုသမှုခံယူရန် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့တောင်ပေးခဲ့ကြကြောင်း သိရသည်။

​မေ ၂၄ ရက်​နေ့ကလည်း မိတ္ထီလာမြို့တွင် စုံတွဲတတွဲ လုယက်ခံရမှုတစ်ခုဖြစ်ပွားခဲ့ပြီး လုယက်ခံရသူအမျိုးသမီး လက်တစ်ဖက်ပြတ်သွားခဲ့​သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here