ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများစိတ်‌ကျန်းမာ‌ရေးဆိုင်ရာပြဿနာများခံစားနေရ

0
192

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများစိတ်‌ကျန်းမာ‌ရေးဆိုင်ရာပြဿနာများခံစားနေရ

ဘန်​ကောက်၊ ​မေ ၂၄
ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်ပေါင်း ၁၄၃ ခုတွင် အကျဉ်းသားပေါင်း ၂၆၀,၀၀၀ ရှိပြီး ၎င်းတို့အနက် လူပေါင်း ၅,၀၀၀ ခန့်သည် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများခံစားနေရကြောင်း သိရှိရသည်။

စိတ်ရောဂါကုဆရာဝန်များ၏ အစီရင်ခံဖော်ပြချက်များအရ မူးယစ်ဆေးဝါးအမှုနှင့်သက်ဆိုင်သော အကျဉ်းသားများတွင် စိုးရိမ်မှု၊စိတ်ကျရောဂါစသည့် စိတ်‌ကျန်းမာရေးပြဿနာများရှိနေကြကြောင်း သိရှိရသည်။အများစု မှာအဖမ်းမခံရမှီထဲကပင် စိတ်​ဝေဒနာ ရှိသူများဖြစ်ပြီးအချို့မှာ ​ထောင်ကျပြီး​နောက်ပိုင်း စိတ်​ဝေဒနာ ပိုဆိုးလာခြင်းဖြစ်သည်။

အကျဉ်းသားများ၏ စိတ်ကျန်းမာရေးပြဿနာဆိုင်ရာ လက္ခဏာများမပြင်းထန်ပါက စိတ်ကုဆရာဝန်များမှ အချုပ်ခန်းတွင်ပင် ကုသပေးပြီး၊ပြင်းထန်လက္ခဏာများ ပြသလာပါက ဆေးရုံသို့ပို့ဆောင်ကုသပေးသည် ဟုဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်ကြီး ၁၀ ခုအတွက်တာဝန်ထမ်းဆောင်နေသူ စိတ်ရောဂါကုဆရာဝန် ၃၁ ယောက်သာရှိသည်။ အကျဉ်းထောင်ဆရာဝန်များအပြင် ဆေးဘက်ဆိုင်ရာပြုပြင်ရေးအဖွဲ့အစည်း၊ Suan Prung ဆေးရုံ၊ပြည်နယ်ဆေးရုံများ၊ဆရာဝန်များနှင့်ကုထုံးပညာရှင်များမှလည်း အကျဉ်းသားများအား ကုသမှုပေးလျက်ရှိသည်။
Source – Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here