ယခုနှစ်မိုးတွင်း​ရေကြီးမူမည်မျှ​လျော့နိုင်မည်လဲ

0
175

ယခုနှစ်မိုးတွင်း​ရေကြီးမူမည်မျှ​လျော့နိုင်မည်လဲ

မိုးတွင်း ​ရေကြီး​ရေလျံမူ ​လျော့နည်း​စေရန် မြန်မာ့ဂုဏ်ရောင်လမ်းရှိ နတ်ချောင်းရေထိန်းတံခါးအား ယခုနှစ် ဧပြီ ၅ ရက်​နေ့ကတပ်ဆင်ထားပြီးဖြစ်သည်။

ထိုတံခါးမတပ်မှီ Flood Control Pump ပန့် ကို ၂၀၂၁ ခု နှစ် ဇွန် ၂၃ ထဲကတပ်ဆင်ခြင်းတို့ကို လုပ်​ဆောင်ထား သည်။

အဆိုပါ နတ်ချောင်းရေထိန်းတံခါးတွင် ရေထိန်းတံခါး (၃) ပေါက် တပ်ဆင်ထားပြီး ဒီရေတက်ချိန်နှင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် ချောင်းတစ်လျှောက်ရပ်ကွက်များ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေထိန်းတံခါးပိတ်၍ ရေစုပ်ထုတ်နိုင်ရန်လုပ်​ဆောင်ထားသည်။

​ရေစုပ်ရာ၌ ၁၂ လက်မပိုက်ဖြင့် တစ်နာရီလျှင် ရေဂါလံ ၁၉၀,၀၀၀ ထိ စုပ်ထုတ်နိုင်သည့် 40 kW 60 HP ​၊ရေလျှံမူထိမ်းသည့်ပန့် Flood Control Pump ကိုကြိုတင်တပ်ဆင်ထားပြီးဖြစ်သည်ဟု စည်ပင် ​ရေစီး​ရေလာဌာနခွဲက​ပြောပြသည်။

ရန်ကုန်မြို့ရှိ​မြောင်းများတွင် ​မြောင်း​ချေး နှင့်အမိူက်များ ဆယ်ယူခြင်းကို ​နွေကာလထဲက လုပ်​ဆောင်လာပြီး ယခု မိုးဦးကာလတွင်လည်း အချို့​နေရာများအား စက်ယန္တယား ဖြင့်ပါ သန့်ရှင်း​ရေးလုပ်​နေသဖြင့် ​ရေကြီး၊​ရေလျံမူသက်သာ မည်လား ​စောင့်ကြည့်ရမည်ဖြစ်သည်။

မြို့​တော်​နေလူထုကလည်း အမိူက်များ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် မြို့​တော်သန့်ရှင်းမူတွင် ဝိုင်းဝန်း ပါဝင်ကြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here