SNLD ကလူငယ်ဗဟိုကော်မတီဝင် ၁၀ဦး ရွေးကောက်တင်မြှောက်

0
179

SNLD ကလူငယ်ဗဟိုကော်မတီဝင် ၁၀ဦး ရွေးကောက်တင်မြှောက်

ရှမ်းအမျိုးသားဒီမိုကရေစီပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် လူငယ်ဗဟိုကော်မတီဝင် ၁၀ ဦးကိုရွေးကောက်တင်မြှောက်ပြီးစီးပြီဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်စိုင်းကျော်ညွှန့်ထံမှသိရသည်။

ပါတီ၏ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံရသောသူများမှာအမျိုးသမီးလူငယ် ၅ ဦးနှင့်အမျိုးသားလူငယ် ၅ ဦးတို့ဖြစ်သည်။

လူငယ်အမျိုးသားအတွင်းမှ ရွေးချယ်ခံရသော ၅ ဦးမှာ စိုင်းကိုဝေဟိန်း၊ စိုင်းအောင်ကျော်ဦး၊ စိုင်းမြင့်သိန်း၊ စိုင်းကျော်ခိုင်နှင့် စိုင်းကျော်လှတို့ဖြစ်သည်။

လူငယ်အမျိုးသမီးထဲမှ ရွေးချယ်ခံရသူ ၅ဦးမှာ နန်းဆိုင်ယိမ်းခေး၊ နန်းလူခေး၊ နန်းယွမ်းဟွမ်၊ နန်းတင်တင်ဝင်း၊ နန်းအွမ်ခမ်း တို့ဖြစ်ကြောင်းသိရသည်။

ယနေ့သည် SNLD ပါတီ၏ ဒုတိယရက်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပပြုလုပ်သည့်နောက်ဆုံးရက်ဖြစ်သည်။

ညီလာခံကို SNLD ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအရလည်းကောင်း ယင်းနိုင်ငံလုံးဆိုင်ရာညီလာခံကိုကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ပါတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ စိုင်းကျော်ညွှန့်


LEAVE A REPLY

Please enter your comment!
Please enter your name here