မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမည့်အပေါ် တရုတ်နှင့် ရုရှား ဗီတိုအာဏာသုံးကာ ဆန့်ကျင်

0
108

မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမည့်အပေါ် တရုတ်နှင့် ရုရှား ဗီတိုအာဏာသုံးကာ ဆန့်ကျင်

အမေရိကန်၊ မေ ၂၆

ကုလသမဂ္ဂ လုံခြုရေး ကောင်စီ၌ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုအားကောင်းလာစေရန် အမေရိကန်မှ အဆိုပြုထားသည့် ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်ရာတွင် ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံး၍ ဆန့်ကျင်မဲများ ပေးခဲ့ကြောင်း သိရှိရသည်။

ကျန်အဖွဲ့ဝင်များဖြစ်သည့် ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ ဂါဘွန်၊ ဂါနာ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေးနှင့် ယူအေအီး တို့က ထောက်ခံမဲများ ပေးခဲ့ကြသည်။

ပြုံယမ်း၌ မတ်လ ၂၄ ရက်က ပစ်လွှတ်ခဲ့သော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်မှုများအားအမေရိကန်က ရှုတ်ချခဲ့သည်။

အမေရိကန်၏ ဆုံးဖြတ်ချက်မူကြမ်းတွင် မြောက်ကိုရီးယားသို့ ရေနံစိမ်းနှင့် ရေနံထွက်ကုန်များ ထောက်ပံ့မှုများ လျှော့ချခြင်းလည်း ပါဝင်သည်။

အဆိုပါမူကြမ်း၌ အန္တရာယ်ရှိသည့် ဆိုင်ဘာ အငြိုးထား တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည့် မြောက်ကိုရီးယားအဖွဲ့အစည်းကိုအရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရန် ပါဝင်သည်။

မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကုလသမဂ္ဂအထွေထွေညီလာခံအား လာမည့် ၁၀ရက် အတွင်း ပြုလုပ်ရန်ရှိသည်။

Source: TASS


LEAVE A REPLY

Please enter your comment!
Please enter your name here