ဆိပ်ဖြူမြို့နယ်တွင် လင်မယားနှစ်ဦး ရက်စက်စွာ ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည့် ဓားပြတိုက်မှုဖြစ်ပွား

0
129

ဆိပ်ဖြူမြို့နယ်တွင် လင်မယားနှစ်ဦး ရက်စက်စွာ ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည့် ဓားပြတိုက်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်အလယ်စုကျေးရွာတွင် မေလ၂၆ရက်နံနက်၃နာရီခွဲခန့်က အဆိုပါကျေးရွာနေ လင်မယားနှစ်ဦးအား ရက်စက်စွာ ဓားဖြင့်ခုတ်ခဲ့သည့် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာက ကိုညိုမြင့်နဲ့မသီတာမိုးတို့အိမ်ကို မနေ့မနက် အစောကြီးက လက်နက်ကိုင်ဓားပြတွေရောက်လာပြီး
လင်မယားနှစ်ယောက်လုံးကို ရက်ရက်စက်စက်သတ်သွားပြီး သူတို့အိမ်က ရွှေဆွဲကြိုး၊ရွှေလက်ကောက်၊ဆိုင်ကယ်နဲ့ခွေးဘီလူးကားကို ယူသွားကြတယ်။လူတွေအိပ်မောကျနေချိန်ဆိုတော့ ရွာကလူတွေက ဓားပြတိုက်တဲ့ကိစ္စကို မနက်မှ သိရတယ်´´ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဖြစ်စဉ်မှာ မေလ၂၆ရက်နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်အလယ်စုကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်လင်မယားနှစ်ဦးသည် နေအိမ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသည့် လင်မယားနှစ်ဦးအား နံနက်၃နာရီခွဲခန့်ကအကြမ်းဖက်လက်နက်ကိုင်ဓားပြများ၏ ဓားဖြင့် ရက်ရက်စက်စက်အသတ်ခံထားရပြီး ၎င်းတို့၏နေအိမ်မှ ၁ ကျပ်သားခန့်ရှိ သံကြိုးပုံဆွဲကြိုး ၁ ကုံး၊ အလေးချိန် ၅ မူးသားခန့်ရှိ ပန်းလက်ကောက်ပုံ လက်ကောက် ၃ ကွင်း၊ ဆန်အိတ် ၃ အိတ်၊ DAYANG-125 ဆိုင်ကယ် ၁ စီး၊ YGN 2G-2773 နံပါတ်ပါ Hljet (အဖြူရောင်) မော်တော်ယာဉ် ၁ စီး တို့အား ယူဆောင်သွားခြင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here