ပန်းမြတ်ဟေမာ တိရစ္ဆာန် ဂေဟာမှာ အာဟာရ ဒါနအတွက်အလှူငွေများလှူဒါန်းခဲ့တဲ့ ဦးမိုးဒီ နဲ့ မိုးစက်

0
191

ပန်းမြတ်ဟေမာ တိရစ္ဆာန် ဂေဟာမှာ အာဟာရ ဒါနအတွက်အလှူငွေများလှူဒါန်းခဲ့တဲ့ ဦးမိုးဒီ နဲ့ မိုးစက်

ဦးမိုးဒီ နဲ့မိုးစက်ကလွန်ခဲ့တဲ့ရက်ပိုင်းက မေမြို့ကို ရိုက်ကူးရေး ကိစ္စကြောင့်ရောက်ရှိနေတာဖြစ်ပြီး မေမြို့မှာရှိတဲ့ ပန်း​ြမတ်ဟေမာ တိရစ္ဆာန်ဂေဟာမှာရှိတဲ့ ခွေးလေးတွေအတွက်အစာအာဟာရဒါနအဖြစ် အလှူငွေတစ်သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုလိုလှူဒါန်းတာနဲ့ပတ်သက်ပြီး မိုးစက်က
” မေမြို့ရောက်တုန်းရောက်ခိုက်ဖေကြီးဦးမိုးဒီနဲ့ ကျွန်တော်လဲ အနုပညာကြေး တစ်သိန်းကျပ် ကို
ကလေးတွေရဲ့ အာဟာရဒါနအတွက်လှူဒါန်းပေးခဲ့ပါတယ်။ ကလေး အကောင်(၄၀၀)ကျော် ကိုအဒေါ်ကြီးတစ်ယောက်ထဲကပြုစုစောင့်ရှောက်ထားရတာ မလွယ်ပါဘူးဗျာ။ဒီထဲမှာ ရောဂါဖြစ်နေတဲ့ ကလေးတွေဒဏ်ရာရနေတဲ့ ကလေးတွေ အများကြီးပါဘဲ။” လို့ပြောပါတယ်။

မေမြို့က ပန်းမြတ်ဟေမာ မှာခွေးအကောင် ၄၀၀ ကျော်ရှိပြီး ရောဂါဖြစ်ဒဏ်ရာရနေတဲ့ခွေးလေးတွေလည်းများစွာရှိကြောင်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here