ချမ်းအေးသာစံမြို့နယ်တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

0
160

ချမ်းအေးသာစံမြို့နယ်တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်၊ ၅၄ လမ်းတွင် မေ ၂၇ ရက်(ယနေ့)နံနက် ၆ နာရီခန့်က တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

သေဆုံးနေသည့် အမျိုးသားသည် အသက်(၃၀) နှစ်ခန့်ရှိကာ ၅၄ လမ်း၊၂၈ လမ်းနှင့် ၂၉ လမ်း ကြား၌ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး မျက်နှာအားပုဆိုးစဖြင့်စည်းနှောင်ခြင်းခံထားရသည်ကို တွေ့ရှိရသည်ဟု သိရသည်။

သေဆုံးနေသူအမျိုးသားသည် ပက်လက်အနေ အထားဖြင့် နဖူး၌ကျည်ဖောက်ဝင်ဒဏ်ရာ၊ဦးခေါင်းပွင့်ဒဏ်ရာတို့ရရှိကာ သေဆုံးနေခြင်းဖြစ် သည်။

“သေတဲ့လူ ဘယ်သူဆိုတာကတော့ စုံစမ်းနေကြတာပဲ အရင်တုန်းကတွေ့တဲ့အလောင်းတွေလိုတော့ လည်ဆွဲကတ်တွေချိတ်ထားတာမတွေ့ဘူး ကျည်ထိဒဏ်ရာတွေနဲ့သေနေတာပဲတွေ့တာပါ နာရေးတင်ကားနဲ့တင်သွားပါတယ်”ဟုချမ်းအေးသာစံမြို့နယ်နေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here