ဘားအံမြို့နယ်၌ ရှမ်းပြည်နယ်မှသယ်လာသည့် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ ICE များဖမ်းမိ

0
136

ဘားအံမြို့နယ်၌ ရှမ်းပြည်နယ်မှသယ်လာသည့် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ ICE များဖမ်းမိ

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ရန်ကုန်-မြဝတီသွားကားလမ်း၏ တရုတ်လှကျေးရွာအနီးတွင် မေ ၁၅ ရက်ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်-မြ၀တီသွားကားလမ်းတွင် သထုံဘက်မှမြ၀တီဘက်သို့ ကျော်ဇေယျာ မောင်းနှင်ကာ ဆန်းဝင်းကျော် လိုက်လာသည့် Alphard ကားအားသတင်းအရတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်မှ ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ ICE အိုက်စ်(၂၀၅ ကီလို)နှင့်ကတ်တမင်း ၁ ကီလိုတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူ ၂ ဦးအားစစ်ဆေးရာမှ တာဝန်ခံသယ်ဆောင်သူ ထွန်းလင်းအောင်အား မေ ၁၉ ရက်မွန်းတည့် ၁၂ နာရီ၌ မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ICE နှင့်ကတ်တမင်းများအား ရှမ်းပြည် (တောင်ပိုင်း)မှကရင်ပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here