နယ်မြို့နှင့်တိုင်းဒေသကြီးအချို့၌ စက်သုံးဆီတစ်လီတာ ကျပ် ၂၃၀၀ ကျော်အထိ မြင့်တက်လျှက်ရှိနေ

0
141

နယ်မြို့နှင့်တိုင်းဒေသကြီးအချို့၌ စက်သုံးဆီတစ်လီတာ ကျပ် ၂၃၀၀ ကျော်အထိ မြင့်တက်လျှက်ရှိနေ

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နယ်မြို့ကြီးများတွင် စက်သုံးဆီဈေး တစ်လီတာ ကျပ် ၂၃၀၀ ကျော်အထိ ဈေးမြင့်တက်နေကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်သုံးဆီဈေးများမှာ မေလ ၂၈ ရက် ဈေးနှုန်းအရ ကယားပြည်နယ် လွိုင်ကော်မြို့တွင် လက်လီဈေး ဒီဇယ်တစ်လီတာလျှင် ၂၃၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၉၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ် ၂၂၆၀၊ အောက်တိန်း 95 Ron တစ်လီတာ ၂၃၇၀ ကျပ်ဝန်းကျင်ဖြင့် ဈေးမြင့်တက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဒီဇယ်တစ်လီတာလျှင် ၂၃၉၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၉၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ကျပ်၂၂၅၅ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာလျှင် ၂၃၇၀ ကျပ် ဝန်းကျင်ဖြင့် ဈေးထပ်မံမြင့်တက်လာခဲ့သည်။

ကမ္ဘာ့ရေနံဈေးမှာမူ လတ်တလော ဈေးနှုန်းအရ ရေနံတစ်စည်လျှင် ၁၁၇ ဒေါ်လာအထိ မြင့်တက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ သတင်းပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်အရ မေ ၂၁ ရက်က စက်သုံးဆီတန်ချိန်​ပေါင်း ၃၇၀၀၀ ​ကျော် ဆိပ်ကမ်းတွင်ဆီချခဲ့​​​ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here