ရွေးကောက်ပွဲမလျော်သြဇာသုံးသည်ဟုဆိုကာ စွဲဆိုထားသော အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို စွဲချက်အမိန့်အတွက် လျောက်လဲချက်ပေး

0
68

ရွေးကောက်ပွဲမလျော်သြဇာသုံးသည်ဟုဆိုကာ စွဲဆိုထားသော အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို စွဲချက်အမိန့်အတွက် လျောက်လဲချက်ပေး

ရွေးကောက်ပွဲမလျော်သြဇာသုံးသည်ဟုဆိုကာ စွဲဆိုခံထားရသော ပုဒ်မ ၁၃၀-က အတွက်ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရရုံး၊ ဝန်ကြီးဟောင်း ဦးမင်းသူတို့ သုံးဦးကိုတရားစွဲဆိုထားရာ၊ ယင်းအမှုအတွက် ယမန်နေ့ မေ ၂၇ရက်က စွဲချက်တင်အမိန့်အတွက် လျောက်လဲချက်ပေးခဲ့ကြကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံမှသိရသည်။

ယမန့်နေ့က ၎င်းတို့သုံးဦးကို နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးသို့ရုံးထုတ်လာပြီးနောက် စွဲချက်အမိန့် တင်သင့် မသင့်အတွက် လျောက်လဲချက်ပေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက် စွဲချက်အမိန့် တင်သင့် မသင့်အမိန့်ကို လာမည့် ဇွန် ၃ ရက်တွင် စွဲချက်အမိန့်ချမှတ်သွားရန်ရှိနေကြောင်း သိရသည်။

ယင်းအမှုသည် ပြီးခဲ့သော ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်ကော်မရှင်အပေါ် မလျော်သြဇာအသုံးပြုကာ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ စွဲဆိုထားသော အမှုတစ်ခုဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၃၀-က မှာ အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်ပါက ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here