0
153

ဧဝရတ်​တောင် နှင့် အပြိုင် ဇွဲခိုင်တဲ့လူသား

ခတ္တမန္ဒူ၊ ​မေ ၂၈

မလေးရှားနိုင်ငံသား တောင်တက်သမားတစ်ဦးဖြစ်သည့်Ravichandran Tharumalingam တစ်ယောက်၂၀၀၆ ခုနှစ်တွင် ပထမဆုံးအနေဖြင့် ဧဝရတ်တောင်ထိပ်အထိ အောင်မြင်စွာတက်နိုင်ခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့်၂၀၀၇ တွင်နောက်တစ်ကြိမ်ထပ်မံတက်ရောက်နိုင်ခဲ့သည်။

ထိုဒုတိယကြိမ်က ရာဗီ အတွက်တော့ အရင်းအနှီးကြီးလှသည်။သူ့လက်​ချောင်း​လေးများနှင်းကိုက်သည့်ဒဏ်ကြောင့် တောင်ထိပ်မှပြန်ဆင်းလာပြီးနောက် လက်ချောင်းထိပ်လေးများကို ဖြတ်ပစ်ခဲ့ရသည်။ထိုအချိန်ကသူသည် အသက် ၄၂ နှစ်သာရှိသေးသည်။

“တကယ်တော့ ဒါကဆင်ခြင်တုံတရားရှိတာမရှိတာထက် စိတ်ဆန္ဒကိုပိုဦးစားပေးမိသွားတာလို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော် လက်ကနာနေတာကိုသတိမထားမိလောက်အောင် ကိုယ့်ကိုကိုယ်တွန်းအားပေးနေမိခဲ့တာပါ” ဟု ရာဗီကဆိုခဲ့သည်။

တောင်ထိပ်ရောက်ဖို့သာ စိတ်စောနေတာကြောင့် လက်အိတ်ပြဲနေတာကိုသတိမထားခဲ့မိသော ရာဗီတစ်ယောက် နောက်ဆုံးတွင်တော့ အအေးကိုက်သောဒဏ်‌ဖြင့် လက်ချောင်းများဖြတ်လိုက်ရသည်အထိဖြစ်ခဲ့သည်။

“ပထမတော့ လက်ကနာတာဟာ တောင်အောက်ပိုင်းရောက်လာပြီး နေရောင်ပြန်ရလာရင်၊ ရာသီဥတုပြန်နွေးလာရင် ပြန်ကောင်းသွားမယ်လို့ ထင်ခဲ့တာပေါ့။ဒါပေမဲ့ ကျွန်တော်မျှော်လင့်ထားသလိုဖြစ်မလာပါဘူး၊လက်တွေက ပြန်မကောင်းလာတော့ပဲ ဖြတ်လိုက်ရတယ်” ဟုသူကဆိုသည်။

ထိုသို့ဖြစ်ခဲ့ပြီး ၁၅ နှစ်အကြာတွင် အသက် ၅၇ နှစ်ရှိပြီဖြစ်‌သော ရာဗီသည် ဧဝရတ်တောင်သို့ တတိယအကြိမ်မြောက်ထပ်မံသွားရောက်ခဲ့ပြန်ကာ မေလ ၅ ရက်နေ့တွင် လမ်းပြတစ်ဦးအနေဖြင့် တောင်ထိပ်သို့ တတိယအကြိမ်ထပ်မံအောင်ပွဲခံ တက်ရောက်နိုင်ခဲ့သည်။

ရာဗီက”ခင်ဗျားရဲ့အတွေးထဲမှာ မှောင်မိုက်​ခြောက်ခြားစေတဲ့နေရာတွေကို ပြန်သွားတိုင်း၊စိန်ခေါ်မှုတွေကို ပိုကောင်းအောင် ကျော်ဖြတ်လိုက်နိုင်တဲ့အခါ လင်းလက်တဲ့‌​နေရာနဲ့ တောက်ပတဲ့ မြင်ကွင်းတွေခံစားရမှာပါ” ဟုလည်းဆိုခဲ့သည်။

ဧဝရတ်သို့ အခုတစ်ခေါက်ထပ်လာရခြင်းဟာ ကျွန်တော့်ကိုကျွန်တော်ယုံကြည်မှု ပိုရစေပါတယ်ဟု​ပြောသည်။

သို့သော် ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်များတွင်တက်ခဲ့စဉ်က ၄၅ ရက်မှ ရက် ၆၀ ကြားကြာခဲ့သောခရီးကို ယခုတစ်ကြိမ်တွင် တစ်လပင်မပြည့်ပဲတောင်ထိပ်သို့ရောက်ခဲ့တာကြောင့်အင်မတန်ကျေနပ်မိကြောင်းCNA သို့​ပြောပြခဲ့သည်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here